Bago News

Bago News

ပဲခူးမြို့နယ်၊ အမြန်လမ်းမပေါ် ဘောနက်ကြီးတဝိုက်ရှိ စစ်တပ်ဂိတ်စခန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၆ ဦးသေဆုံးပြီး လက်နက် ၁၆ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၂၇

 

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အမြန်လမ်းမပေါ် ဘောနက်ကြီးအနီးတဝိုက်ရှိ စစ်တပ်ဂိတ်စခန်းများနှင့် စစ် တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစာထီး ၆ ဦးသေဆုံးပြီး လက်နက် ၁၆ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း ပဲခူးခရိုင် တပ်ရင်းအမှတ် ၃၇၀၁ တပ်ခွဲ (ရွှေချောင်းတပ်ခွဲ) ထံမှ သိရသည်။

 

မေလ ၁၈ ရက် နံနက် ၂ နာရီခန့်က ပဲခူးမြို့နယ်၊ ဘောနက်ကြီး – ဇောင်းတူ – တိုက်ကြီးမိုင် ၅၀ လမ်း ပိုင်းတနေရာရှိ အင်အား ၁၅ ဦးခန့်ဖြင့် တပ်စွဲထားသော ဇီးတောရွာ စစ်ကောင်စီ၏ ဂိတ်ကင်းစခန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြောင်း သိရ သည်။

 

“၄ နာရီလောက်အချိန်ယူချဉ်းကပ်ပြီး ဝင်တိုက်ခဲ့တာပါ၊ သူတို့အလစ်အငိုက်မိသွားလို့ ထွက်ပြေး တာ၊ တန်းနေတာပဲ၊ လက်နက်က ကင်းစောင့်တဲ့လူလောက်ပဲ ပေးထားပြီး ကျန်တာ တိုက်ထဲ သိမ်းထား တာဆိုတော့ အားလုံးနီးပါးလောက် သိမ်းဆည်းရရှိခဲ့ပါတယ်၊ တိုက်ပွဲအားလုံး ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု ပဲခူးခရိုင် တပ်ရင်း အမှတ် ၃၇၀၁ တပ်ခွဲ (ရွှေချောင်းတပ်ခွဲ) မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ယင်းစစ်တပ်ဂိတ်စခန်းအတွင်းမှ G4 အမျိုး အစား သေနတ် ၂ လက်၊ G3 အမျိုးအစားသေနတ် ၂ လက် ၊ G2 အမျိုးအစားသေနတ် ၁ လက်၊ M1 ကာဘိုင်အမျိုးအစား သေနတ် ၉ လက်၊ ၇ ဒသမ ၆၂ ကျည် ၇၈၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ဘောက် ၂၀ ခု၊ M1 ကာဘိုင်ကျည် ၉၅၁ တောင့်၊ ကာဘိုင် ကျည်ဘောက် ၁၈ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၃၉ တောင့်နှင့် ၅ ဒသမ ၅၆ ကျည်ဘော်တို့ကို သိမ်းဆည်း ရရှိခဲ့ပြီး စစ်ကောင်စီဂိတ်ကင်းစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အလားတူ မေလ ၂၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂ မိုင် ၇ ဖာလုံရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

မေလ ၂၄ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင်လည်း ပဲခူးမြို့နယ်၊ ဘောနက်ကြီး – ဇောင်းတူ – တိုက် ကြီးမိုင် ၅၀ လမ်းပိုင်းတနေရာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ကြား ဖြတ်တိုက် ခိုက်ခဲ့ရာ ပျူစောထီး ဒုတပ်စိပ်မှူးအပါအဝင် ၄ ဦးသေဆုံးပြီး M1 ကာဘိုင်အမျိုးအစား သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ပဲခူးခရိုင် တပ်ရင်းအမှတ် ၃၇၀၁ တပ်ခွဲ ၃ (ရွှေချောင်းတပ်ခွဲ) မှ ရဲဘော် များက လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာနေရာတဝိုက်ကို စစ်ကောသိ ရသည်။

 

“ကျနော်တို့မှာ အရေးပေါ် ကျည်လိုအပ်ချက်တွေရှိနေပါတယ်၊ ကျနော်တို့ ခွန်အားရှိသလာက် ရင်းစရာရှိတာ အကုန်ရင်းပြီး ကြိုးစားနေပါတယ်၊ အခုချိန်မှာ ကျနော်တို့ကို နယ်သူ၊ နယ်သားတွေ အားလုံး ဝိုင်းဝန်းကူညီပံ့ပိုးစေချင်ပါပြီ။ ကျနောတို့အိမ်ပြန်လမ်းတွေနီးသထက်နီးလာပြီမို့ ကျနော်တို့ နဲ့အတူတူ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ပဲခူးခရိုင် တပ်ရင်း အမှတ် ၃၇၀၁ တပ်ခွဲ (ရွှေချောင်းတပ်ခွဲ) မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့၊ တောင်စုရွာကို ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၈   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တောင်စုရွာကို ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ...