နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာရှိ ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းကို သိမ်းပိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၂ လက်နှင့် ဂျန်မာတစ်လုံးသိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
မေလ ၂၇
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာအနီးရှိ ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းကို ဝင် ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ဂျန်မာစက်တစ် လုံးသိမ်း ဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမှ ထံမှ သိရသည်။
မေလ ၁၅ ရက် နံနက် ၆ နာရီခန့်မှ စတင်၍ နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာအနီးရှိ တရုတ်နိုင်ငံ ပိုင်ဂတ်စ်ပိုင်းစောင့် စစ်ကောင်စီတပ်စခန်းကို ၉/အညာမြေစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် အသဲအသန်ဗုံးကျဲခုခံတိုက်ခိုက်နေမှုကြောင့် ည ၃ နာရီအထိ ကြာမြင့်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အူစီ အမျိုးအစား သေနတ် တစ်လက်၊ MA 3 အမျိုးအစား သေနတ် တစ်လက်နှင့် 8 Channel ဂျန်မာ တစ်လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“မနက် ၆ နာရီကနေ စတိုက်တာ၊ ညနေ ၃ နာရီလောက်မှ သိမ်းမိပြီး ပြန်ဆုတ်လာခဲ့နိုင်တာ၊ လေ ယာဉ်က တအားဗုံးကျဲချနေတော့ တဖြည်းဖြည်းချင်းတက်သိမ်းရတာ၊ စခန်းထဲမှာက မျက်မြင် အ လောင်းရတာ ၂ လောင်း၊ တခြားဘေးမှာ သေနေတာက ၂ လောင်းဆိုတော့ စုစုပေါင်း ၄ ယောက် သေတာ၊ အင်အားက မများဘူး ။ ၁၅ ဦးလောက်ပဲရှိတာ၊ စခန်းဘန်ကာတွေတော့ ဖျက်ဆီးခဲ့တယ်၊ ကျနော်တို့ နည်းနည်း ပြန်ဆုတ်ပေးလိုက်တော့ စခတွေထွက်ပြေးသွားတာ၊ နွားထိုးကြီးမြို့ထဲပြန် ပေါင်း သွားတာ၊ လက်ရှိအထိ အဲဒီစခန်းကို ပြန်မဝင်ဘူး။ လက်ရှိနွားထိုးကြီးမြို့ထဲမှာ စခတွေ ပေါင်း နေကြတယ်” ဟု မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းနှင့် နွားထိုးကြီးမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နွားထိုးကြီးပကဖမှ ရဲဘော် ၁ ဦးကျဆုံးကာ စစ်ကောင်စီတပ်၏ လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသည့် ရဲဘော်တစ်ဦး ရှိကြောင်း သိရ သည်။
Thanlwin Myanmar Media