Magway News

Magway News

ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၂၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Ayar Daung တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၅ ရက် နံနက် ၅ နာရီခန့်က စစ်သား၊ ပျူစောထီး အင်အား ၁၀၀ ကျော်ဖြင့်တပ်စွဲ ထားသော ပခုက္ကူမြို့ နယ်၊ အောင်သာဘဲရွာသစ် ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ပြီး ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား၊ ပျူ စောထီး ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုက စုံစမ်းနေဆဲပါပဲ၊ ကျနော်တို့ဝင်တဲ့အချိန်မှာ ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား ကတိုးထားတာ၊ တိုက်ပွဲပြီးတော့လည်း ကား ၃ စီးအင်အားအပြည့်နဲ့ ထပ်ရောက်လာသေးတယ်။ အဲဒီ ပျူရွာကို စခတွေက အခိုင်အမာတည်ဆောက်နေတာပါ၊ ကျနော်တို့မှာက လက်နက်ခဲယမ်းလိုအပ် ချက်ရှိပါတယ်၊ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ တင်ပြတောင်းဆိုချင်ပါတယ်” ဟု Ayar Daung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပေါက် ပကဖ ၊ ပေါက် ပကဖ ဇုံ ၄ ၊ ပေါက် ပကဖ BLY ပျောက်ကျားတပ် ၊ ပခုက္ကူ ခရိုင် လှုပ်ရှားတပ် တပ်ဖွဲ့ ၅ (ဧရာဒေါင်း) ၊ King.fighter.(SGF) နှင့် ABSDF ကျောင်းသား တပ်မ တော်အမှတ် ၃ စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆင်ပေါင်ဝဲမြို့နယ်တွင် ကင်းချိန်းပြီး ပြန်လာသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ဆင်ပေါင်ဝဲမြို့နယ်တွင် ကင်းချိန်းပြီး ပြန်လာသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ မကွေးတိုင်း၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကင်းချိန်းပြီး ပြန်လာသော စစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်သည်။ စက်တင်ဘာလ ၃ ရက်...