Shan State News

Shan State News

ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သား များ အရှင်ဖမ်းဆီးရရှိမှုရှိ

 

သံလွင်မြန်မာသတင်း

မေလ ၂၇

 

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ် ၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေ နေပြီး စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရရှိမှုရှိကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရ သည်။

 

မေလ ၁၇ ရက်နေ့မှစ၍ ပင်လောင်းမြို့နယ်၊ ဆောင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် PNO ပြည်သူ့စစ်များကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ချေမှုန်းလျက်ရှိရာ အကြမ်း ဖက်စစ်ကောင်စီ၏ တပ်သားအချို့ အရှင်ဖမ်းမိမှုရှိခဲ့ကြောင်း၊ ထို့အပြင်အကြမ်းဖက်စစ်ကောင်စီ၏ ဂိတ်စခန်းအချို့ကိုလည်းတော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ရရှိမှုရှိကြောင်း သိရသည်။

“အခု ပင်လောင်းမြို့နယ်၊ ပအိုဝ်းကျေးရွာတွေအနီးတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်၊ ရုရှား က ကွန်မန်ဒိုသင်တန်းပေးထားတဲ့ အသေခံတပ်သားတွေကိုလည်း ကရင်နီတော်လှန်ရေးအင်အားစု တွေက အရှင်ဖမ်းမိတာရှိတယ်၊ တချို့စစ်တပ်စခန်းရှိတဲ့ကျေးရွာတွေကို သိမ်းထားတာရှိတယ်၊ PNO နဲ့ စကစတပ်သားတွေ အသည်းအသန်ခုခံနေပါတယ်၊ နေပြည်တော်ကို သွားတဲ့လမ်းပေါ်က စစ်တပ် စခန်းတွေ၊ ဂိတ်တွေကို တိုက်ခိုက်နေတာပါ။” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာကျေးရွာများ၊ ဘုရားစေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့်၊ ဗုံးကျဲတိုက်ခိုက် ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများလုပ်ဆောင်နေသောကြောင့် ထိဗိ ၊ တတောက်၊ ပင်ခွန်၊ ဝါးလီး၊ စင်းတောင်း ၊ထီယွန်း စသည့်ကျေးရွာများမှ ပြည်သူထောင်ချီ၍ ဘေးလွတ် ရာထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး ၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းကြောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး ၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းကြောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၈ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ ထံမှ သိရသည်။ စက်တင်ဘာလ ၆ ရက်နေ့က ပွင့်ဖြူမြို့နယ်၊ ဝါစိုက်ပျိုး ရေးတပ်နှင့်...