Mandalay News

Mandalay News

ကျောက်ပန်းတောင်းမြို့နယ်၊ ရေဆုံးရွာပျူစောထီးဘိုဝင်းကို သေနတ် ၁ လက်နှင့်အတူ ဖမ်းမိ

 

သံလွင်မြန်မာသတင်း

မေလ ၂၆

 

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရေဆုံးရွာပျူစောထီးဘိုဝင်းကို သေနတ် ၁ လက်နှင့် အတူ ဖမ်းမိခဲ့ကြောင်း မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

မေလ ၂၂ ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ်၊ ရေဆုံးကျေးရွာနေ ပြည်သူ့စစ်သင်တန်းဆင်း (ပျူစောထီး) ဘိုဝင်း ၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့ပြီး ဘိုဝင်းကို နေအိမ်အတွင်းအရှင်ဖမ်းမိခဲ့ ပြီး ၎င်းနှင့်အပေါင်းပါ ပျူစောထီးများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထို့ကြောင့်နေအိမ် အတွင်း ရှာဖွေစစ်ဆေးခဲ့ရာ FO အမျိုးအစား သေနတ်တစ်လက်နှင့် ၇.၆၂ မမ ကျ၊ည် ၁၅ တောင့် ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အေးဆေးဖမ်းမိခဲ့တာတော့မဟုတ်ပါဘူး။ အလစ်ဝင်ဖမ်းတာဆိုတော့ အငိုက်မိသွားတဲ့ သဘောပါ၊ အိမ်ထဲမှာက သူနဲ့အပေါင်းပါတွေလည်းရှိနေတာ၊ အပေါင်းပါတွေကတော့ ထွက်ပြေးသွားတယ်၊ လက်ရှိ သူ့ကို စစ်ဆေးဖော်ထုတ်နေဆဲပါ၊ ပျူတွေအနေနဲ့ စကစနဲ့မပေါင်းပဲ တော်လှန်ရေးအဖွဲ့တွေ ထံ လက်နက်ချ ပူးပေါင်းဖို့ တိုက်တွန်းချင်ပါတယ်၊ ကျန်နေတဲ့သူတွေကို ဖော်ထုတ်ပြီး ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံ နဂါးနီက ပြော ကြားသည်။

 

အဆိုပါ လုပ်ဆောင်မှုကို မကွေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊ မကွေးတိုင်း ပကဖ စစ် ကြောင်း – MLDC ၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် နတ်မောက်ပြည်သူ့ ကာ ကွယ်ရေးတပ်မတော် – ၉၀၂ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့၊ တောင်စုရွာကို ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၈   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တောင်စုရွာကို ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ...