မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်သည့် ပြည်သူ့ဂုဏ်ရည် ဆုငွေများကို နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် လူငယ်များ၏ ပညာရေးအတွက် အသုံးပြုသွား မည်
သံလွင်မြန်မာသတင်း
မေလ ၂၆
မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်သည့် ပြည်သူ့ဂုဏ်ရည် ဆုငွေများကို နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် လူငယ်များ၏ ပညာရေးအတွက် အသုံးပြုသွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကိုထိန်းလင်းက ပြောကြားသည်။
မေလ ၂၄ ရက်နေက အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့တွင် ကျင်းပခဲ့ သည့် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပေးခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူအတွက်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ ကိုယ်စား သားငယ် ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
“မတရားချုပ်နှောင်ခံထားသော်လည်း မေ့လျော့ခံရခြင်းမရှိ၊ သူ၏မြန်မာပြည်အပေါ်ထားရှိသော ပြင်း ပြသည့်စိတ်သည် ရှင်သန်ဆဲ မေမေ့ကိုယ်စားဖြင့် ၂၀၂၅ ခုနှစ် Citizen of Burma (ပြည်သူ့ဂုဏ် ရည်) ဆုကို လက်ခံရတဲ့အတွက် အင်မတန် ဂုဏ်ယူတယ်။ နှစ် ၃၀ ကျော်ကြာ မြန်မာ့ဒီမိုကရေစီ အိမ်မက်အတွက် မေမေဟာ အင်မတန် အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ စစ်အုပ်စုက အကျဥ်းချပြီး ပြည်သူတွေနဲ့ခွဲပြီး သူ့အသံကိုတိတ်သွားစေဖို့ ကြိုးစားတယ်၊ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပဲ သူ့ရဲ့ စိတ်ဓါတ် ဝိညာဉ်အားကိုတော့ ချုပ်နှောင် မထားနိုင်ပါဘူး ။ မေမေက တစ်ခါက ပြောခဲ့တယ်။ “လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီဆိုတဲ့အိမ်မက်များအတွက် ဘယ်တော့မှ လက်မလျော့ လိုက်ပါနဲ့” တဲ့၊ ဒီဆုဟာ မေမေ့ရဲ့ စွန့်လွှတ်မှုများကိုသာမက၊ လွတ်လပ်တဲ့မြန်မာနိုင်ငံ ဖြစ်စေချင်တဲ့ အိမ်မက်ကိုလဲ ရည်ညွှန်းပါတယ်။ ဒီ့အတွက် ကျွန်တော်တို့ဆက်လက် ပြောဆို တွန်းလှန်ကြရမယ်၊ မကြာခင် ဒီမိုကရေစီရမယ်ဆိုတာကို ယုံကြည်ကြရမယ်။ ဒီဆုငွေကို မေမေ့လိုပဲ မတရား ဖမ်းဆီးချုပ် နှောင်ခံ ထားရတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် လူငယ်တွေရဲ့ ပညာရေးအတွက် အသုံးပြုပါ မယ်။ ဒါဟာ မေမေရဲ့ စိတ်အဝင်စားဆုံးထဲက တစ်ခုပါ။ ဒီဂုဏ်ယူထိုက်တဲ့ ဆုအတွက် Citizen of Burma အဖွဲ့ကြီးကို အထူးကျေးဇူးတင်ပါတယ်။” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်၏ သားငယ် ကိုထိန်းလင်း (ခ)ကမ်အဲရစ်က ပြောကြားသည်။
ယင်းအခမ်းအနားကို အမျိူးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်း၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဝင် ဒေါ်မေဝင်းမြင့်နှင့် ပြည်ပရောက် တိုင်းရင်းသား မြန်မာ မိသားစုများတက်ရောက်ခဲ့ ကြောင်းသိရ သည်။
၂၀၂၅ ခုနှစ်၊ ၁၆ ကြိမ်မြောက် ဂုဏ်ယူသူအဖြစ်ရွေးချယ်ရခြင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘဝတစ်လျှောက်လုံး မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် ထားရှိသည့် အနစ်နာခံမှု၊ မေတ္တာတရား၊ နိုင်ငံရေး ဦးဆောင်မှုများအပေါ် ကျေးဇူ တင်ရှိခြင်းနှင့် အကြမ်းဖက် စစ် အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံကြံခံတွန်းလှန်နေသည့် စိတ်ခွန် အားကို ဦးညွတ်ဂုဏ်ပြုရခြင်း ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် အသင်းက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media