NUG News

NUG News

အကြမ်းဖက်စစ်ကောင်စီက‌လေကြောင်း၊ လက်နက်ကြီးများဖြင့် စာသင်ကျောင်းများကို ပစ်မှတ်ထား ကာ တိုက်ခိုက်နေမှုကြောင့် မြေပြင်တွင်ဖွင့်လှစ်လျက်ရှိသော စာသင်ကျောင်းများကို NUG ယာယီ ပိတ်

 

သံလွင်မြန်မာသတင်း

မေလ ၂၆

 

အကြမ်းဖက်စစ်ကောင်စီက‌လေကြောင်း၊ လက်နက်ကြီးများဖြင့် စာသင်ကျောင်းများကို ပစ်မှတ်ထား ကာ တိုက်ခိုက်နေမှုကြောင့် မြေပြင်တွင်ဖွင့်လှစ်လျက်ရှိသော စာသင်ကျောင်းများကို NUG ယာယီ ပိတ်လိုက်ကြောင်း NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

 

နိုင်ငံတော်အာဏာကို စစ်တပ်မှ မတရားသိမ်းပိုက်ပြီးချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာ ရေး ဝန်ကြီးဌာနသည် ကလေးလူငယ်များ ပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက် ကြားကာလ ပညာရေးကို နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

Students’ bags are kept in front of a school building damaged in a bombardment carried out by Myanmar’s military at the Ohe Htein Twin village in Tabayin township, Sagaing Region, on May 12, 2025. A Myanmar junta airstrike hit a school on May 12 killing 22 people, including 20 children, witnesses said, despite a purported humanitarian ceasefire called to help the nation recover from a devastating earthquake. (Photo by AFP)

ယခုအချိန်တွင် မတရားအာဏာသိမ်းစစ်တပ်သည် စာသင်ကျောင်းများ၊ ဆေးရုံများ စသည့် လူစုလူ ဝေး ရှိရာနေရာများကို လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့် လူ သားများ အပေါ် စစ်ရာဇ၀တ်မှု (War crimes against humanity) ကို နေ့စဉ် ဆိုးရွားစွာကျူးလွန် လျက် ရှိကြောင်း အသိပေးထားသည်။

 

သို့ဖြစ်ပါ၍ နိုင်ငံသားကောင်းရတနာ ကလေးသူငယ်များ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများ အသက် အန္တရာယ်ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော အခြေခံ ပညာ ပြည်သူ့အခြေပြုပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများနှင့် သက်မွေးပညာ ကျောင်းများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ခေတ္တ ယာယီ ရပ်နားထားရန် ညွှန်ကြားလိုက်ကြောင်း သိရသည်။

 

ညွှန်ကြားချက်အား သက်ဆိုင်ရာ အဆင့်ဆင့်သောတာဝန်ရှိအဖွဲ့အစည်းများမှ ကြီးကြပ်ကူညီ ပူး ပေါင်း ပါဝင်ဖော်ဆောင်ပေးကြရန်နှင့် သင်ကြားသင်ယူမှုစဉ်ဆက်မပြတ်စေရေးအတွက် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များ အ တိုင်း ဆောင်ရွက် ပေးရန်နှင့် ယခုညွှန်ကြားချက်သည် နောက်ထပ် ညွှန်ကြားချက် မထုတ်ပြန်ခင်ထိ အတည်ဖြစ်ကြောင်း ပြောဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ အများပြည်သူအသုံးပြုရာလမ်းပေါ်တွင် စစ်တပ်က မိုင်းထောင်ထားမှုကြောင့် ပြည်သူတစ်ဦး မိုင်းနင်းမိကာ ခြေကျင်းဝတ် ပြတ်ကာ ပြင်းထန် ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၂၇   ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက အများပြည်သူအသုံးပြုရာလမ်းများပေါ်တွင်နင်းမိုင်းများထောင်ထားမှု ကြောင့် ပြည်သူ့တစ်ဦး ခြေကျင်းဝတ်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း...