Magway News

Magway News

မြိုင်မြို့နယ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှု စစ်သား ၈ ဦး‌ သေဆုံးပြီး လက်နက် ၁ လက်နှင့် ကျည်ဆံများသိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၂၆

 

မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လိုက်လံတိုက် ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၁ လက်နှင့်ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ ကြောင်း Pakokku North PDF ထံမှ သိရသည်။

 

မေလ ၁ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ဖလံအိုရွာမှ မြိုင်မြို့နယ်ဘက်သို့ ထွက်လာသော ပခုက္ကူမြို့အ ခြေစိုက် တပ်မ ၁၀၁ ၊ ခလရ ၂၅၄ တပ်ရင်းမှ စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ပူးပေါင်းပြီး မြိုင်မြို့နယ်တလျှောက်လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သားများ အထိနာကာ ဂျက်ဖိုက်တာ၊ ပါရာမိုတာ၊ Y12 လေယာဉ်များ ဖြင့် ကြိမ်ဖန်များစွာ ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး မေလ ၇ ရက်နေ့တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ အတွင်း သို့ ပြန်ဆုတ်သွားကောင်း သိရသည်။

 

စစ်တပ်စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာများကို နယ်မြေရှင်း လင်းရေး လုပ်ဆောင်ခဲ့ရာ စစ်သားအလောင်း ၈ လောင်း၊ MA1 အမျိုးအစားသေနတ် ၁ လက် ၊ ကျည် ဆံအတောင့် ၅၀၀ နှင့် စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ရင်း ၁ ၊ ပေါက်မြိုင်ကမ္မ ပကဖစုဖွဲ့မှုတပ်၊ မြိုင် ပကဖ၊ ပေါက်ပကဖ ၊ ကမ္မတပ်ပေါင်းစု၊ ၊ ပခုက္ကူခရိုင် အမှတ် (၂/၆/၇/၁၄/၁၅/၁၇) ၊ ‌ကျောင်းသား တပ်မတော် (ABSDF) ၊ 8+တပ်ပေါင်းစု၊အညာမြေတပ်ပေါင်းစု၊ PLCတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ၊ PPDF ၊ Bo Brother တပ်ပေါင်းစု ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ Earthquake တပ်ဖွဲ့ နှင့် ဒေသဆိုင်ရာ တပ်ဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား ၃၅ ဦးသေဆုံး

ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား ၃၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ မကွေးတိုင်း၊ ချောက်မြို့၊ ခလရ ၁၃ နှင့် စလေမြို့ရှိ ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးထံမှ သိရသည်။...