Karenni State News

Karenni State News

ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာအနီးရှိ စစ်တပ်ကာကင်းစခန်းသိမ်းပိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး

 

သံလွင်မြန်မာသတင်း‌

မေလ ၂၆

 

ကရင်နီပြည်၊ ဘောခလဲမြို့နယ်၊ ရေနီပေါက်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ် ကာကင်း စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့ကြောင်း ဖားဆောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၂ ရက်နေ့က ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ် ကာကင်း စခန်းတစ်ခုကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ် သားများ ထိခိုက်သေ ဆုံး မှုရှိပြီး ဘောခဲမြို့အထွက်အထိ စစ်ကောင်စီတပ်သားများဆုတ်ပြေးသွား သဖြင့် စခန်းသိမ်းပိုက် နိုင်ခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

“ရေနီပေါက် အနီးက ကာကင်းစခန်းသိမ်းမိခဲ့တာပါ၊ စခတွေဘက်ကလည်း ထိခိုက်သေဆုံးမှုကရှိပါ တယ်၊ လက်နက်ခဲယမ်းအနည်းငယ်သိမ်းဆည်း ရရှိမှုလည်းရှိပါတယ်၊ တပ်ပေါင်းစုက တရားဝင် ထုတ်ပြန်ရင် ပါလာပါလိမ့်မယ်၊ အင်အားက ကား ကင်းစခန်းအားလုံးဆိုရင် အင်အား ၂၀၀ ကျော် လောက်ရှိပါတယ်၊ မြို့ထဲအထိတော့ ဆုတ်‌ပြေးတာ မဟုတ်ပါဘူး။ မြို့အထွက်နားအထိ ဆုတ်သွား တာပါ” ဟု ဖားဆောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းကာကင်းစခန်းသိမ်းတိုက်ပွဲအတွင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ အသက် ၂၃ နှစ် အရွယ် ဒုတပ်စုမှူး ရဲဘော် မင်းဇော် ၊ အသက် ၂၃ နှစ်အရွယ် တပ်စိပ်မှူး ရဲဘော် စိုးနေလင်းဦး(ခ) ဘိုထိတ် တို့အပါအဝင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော် စုစုပေါင်း ၆ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

 

“ပြည်သူတွေအနေနဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကို ဝန်ရံပေးကြဖို့နဲ့ တော်လှန်ရေးကို စိတ်မကုန်၊ စိတ်မပျက်ကြပါနဲ့၊ အခက်အခဲတွေကို ပြည်သူတွေနဲ့အတူ အဖြေရှာပြီး အောင်မြင်သည် အထိ ဆက်လက်တော်လှန်တိုက်ခိုက်သွားပါ့မယ်လို့ အားပေးစကားပြောချင်ပါတယ်” ဟု ဖား ဆောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေဆုံးကာ ကျောပိုးအိတ်များကိုပင်ပစ်ထားခဲ့ပြီး ထွက်ပြေးနေ

ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေဆုံးကာ ကျောပိုးအိတ်များကိုပင်ပစ်ထားခဲ့ပြီး ထွက်ပြေးနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေဆုံးကာ ကျောပိုးအိတ်များကိုပင်ပစ်ထားခဲ့ပြီး ထွက်ပြေး နေကြောင်း အရက္ခတပ်တော် - AA က သတင်းထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၄ ရက် မွန်းတည့် ၁၂ နာရီ ၂၁ မိနစ်က ငဖဲမြိုနယ်၊...