Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာ၌ မင်္ဂလာဧည့်ခံပွဲကျင်းပနေစဉ် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သတိုးသမီးနှင့်ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံး ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၂၅

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာတွင် မင်္ဂလာဧည့်ခံပွဲကျင်းပနေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သတိုးသမီးနှင့်ကလေးငယ်များအပါအဝင် ၁၀ ဦးကျော်သေဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ က ထုတ်ပြန်သည်။

 

ယနေ့မေလ ၂၅ ရက် နံနက် ၈ နာရီ ၅၅ မိနစ်က ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာ ဧည့်ခံပွဲ‌နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဖြင့် ဗုံးကြဲ တိုက် ခိုက်ခဲ့ရာ သတို့သမီးနှင့်ကလေးငယ်များ အပါအဝင် ၁၀ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ၂၀ ဦး ကျော်ခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထို့အပြင် မင်္ဂလာဧည့်ခံကျင်းပသည့် နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီမနက် ၈ နာရီ ၅၅ မိနစ်အချိန် ကျွန်းကြီးကျေးရွာထဲမှာ ရှိနေတဲ့ မင်္ဂလာ ဆောင် နေအိမ်ကို လေ ကြောင်းတိုက်ခိုက်မှုလုပ်တာပါ။ ပြည်သူ ၁၀ ဦးသေဆုံးပါတယ်။ ဒဏ်ရာရသူ ၂၀ ဦးကျော်ရှိပါတယ်။ သတို့သမီးလည်း ဆုံးပါတယ်။ ၄ နှစ်အရွယ်နဲ့ ၆ နှစ်အရွယ် ကလေး ၂ ဦးလည်း ဆုံးပါတယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ် သားပြည်သူများ နေထိုင်ရာကျေးရွာများ၊ လူစည်ကားရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ရွာငံရဲစခန်းအချုပ်ထဲတွင် တပ်မ ၅၅ စစ်သားများက အသက် ၂၃ နှစ်အရွယ် မမိုးမိုးကိုနည်းမျိုးစုံ ရိုက်နှက်စက်သည့်အပြင် အမျိုးသမီးအင်္ဂါအတွင်း နံပါတ်တုတ်ဖြင့်ထိုးသွင်း၊ ရင်သားကို ခါးပတ်ဖြင့်ရိုက် နှက်နှိပ်စက်ခြင်းတို့လုပ်ဆောင်၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦး ကိုလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်  ...