Bago News

Bago News

ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှ ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၅

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှ ထွက်လာသော ပျူစောထီး များကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်က ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာအုပ်စု၊ ကွင်း ချောင်းရွာမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော စစ်သား၊ ပျူစောထီးများကို ကွင်းချောင်းကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ကွင်းချောင်းကျေးရွာအတွင်း ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

“အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ ရွာထဲကနေ ထွက်လာတာပါ၊ အပြန်အလှန် ပစ်ခတ်တိုက် ပွဲက မိနစ် ၃၀ လောက်ကြာတယ်၊ သူတို့ဘက်က တစ်ယောက်ကျတယ်၊ ပြီးတော့ ပြန်ဆုတ်သွား တယ်၊ မနေ့က ညနေပိုင်းကပဲ ကြို့ပင်ကောက်မြို့ပေါ်ကနေ အလောင်းလာတင်သွားပြီးတော့ စစ် ကား ၃ စီးနဲ့ ကွင်းချောင်းရွာကို အင်အား ထပ်ဖြည့်ထားပါတယ်” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ တပ်ခွဲမှူး ရဲဘော်ကရင်လေးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ -၁ Dragon Brothers (GBK – PDF) တပ်ဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယနေ့မေလ ၂၅ ရက်နေ့တွင် ကွင်းချောင်းကျေးရွာ ပျူစောထီးများနှင့် ထပ်ဖြည့်ထားသော စစ်သား များပူးပေါင်း အင်အား ၈၀ ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာနေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင် ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေဆုံးကာ ကျောပိုးအိတ်များကိုပင်ပစ်ထားခဲ့ပြီး ထွက်ပြေးနေ

ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေဆုံးကာ ကျောပိုးအိတ်များကိုပင်ပစ်ထားခဲ့ပြီး ထွက်ပြေးနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေဆုံးကာ ကျောပိုးအိတ်များကိုပင်ပစ်ထားခဲ့ပြီး ထွက်ပြေး နေကြောင်း အရက္ခတပ်တော် - AA က သတင်းထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၄ ရက် မွန်းတည့် ၁၂ နာရီ ၂၁ မိနစ်က ငဖဲမြိုနယ်၊...