Bago News

Bago News

သဲကုန်းမြို့နယ်တွင် စစ်မှုထမ်းစစ်သား စုဆောင်းနေသူ အုပ်ချုပ်ရေးမှူး ကျော်ဝင်းထွဋ် ပစ်ခံရပြီး သေဆုံး၊ သေဆုံးရုပ်အလောင်းကိုလာရောက်ကောက်ယူသည့် စစ်ကောင်စီတပ်သားများကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

မေလ ၂၅

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စစ်မှုထမ်းစစ်သား စုဆောင်းနေသူ အုပ်ချုပ်ရေးမှူးကျော် ဝင်းထွဋ်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ၃၆၀၁ တပ်ရင်း ထံမှ သိရသည်။

 

မေလ ၂၃ ရက် နံနက် ၁၁ နာရီ ခန့်က သဲကုန်းမြို့နယ် ပိတ်ချင်းကုန်းအုပ်စု သရက်သုံးပင်ရွာ နေ အုပ် ချုပ်ရေးမှူး ကျော်ဝင်းထွဠ်သည် သရက်သုံးပင်ရွာမှ ရုံးပင်တက်ရွာဘက်သို့ သွားလာစဉ် ရုံးပင်တက် ရွာနှင့် ဘရန်းကန်ရွာကြားအရောက် တောင်ပိုင်းတိုင်းစစ်ဒေသခွဲ ၂ ပြည်ခရိုင်အမှတ် ၁ ၊ ၃၆၀၁ တပ် ရင်း ၊တပ်ခွဲ ၁ မှ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နရာမှာပင်သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူးကျော်ဝင်းထွဠ်သည် အကြမ်းဖက်စစ်ကောင်စီအတွက် အုပ်စုအတွင်း နေ လူငယ်များကို စစ်မှုထမ်းလူအင်အားစုဆောင်းပေးရုံ သာ မက စစ်မှုထမ်းသူများကို လစာနှင့် သင် တန်းစားရိတ်ထောက်ပံ့ရမည်ဆိုကာ အုပ်စုအတွင်းနေ ပြည်သူများထံမှ တစ်အိမ်ထောင်လျှင် ငွေ ကျပ် ၃ သောင်းမှ ၅ သောင်းအထိကောက်ခံကာ အကြမ်းဖက်စစ်ကောင်စီကို ငွေကြေးထောက်ပံ့ပေး နေသူဖြစ်ကြောင်း အသိပေးထားသည်။

 

ထို့အပြင် သေဆုံးသွားသော အုပ်ချုပ်ရေးမှူးကျော်ဝင်းထွဠ်၏ အလောင်းကို သဲကုန်းမြို့မှ စစ်ကောင် စီတပ် သားများက ဆိုင်ကယ် ၁၀ စီး၊ အင်အား ၂၀ ခန့်ဖြင့် လာရောက်ကောက်ယူခဲ့ရာ ယင်းအကြမ်း ဖက် စစ်သားများကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က ထပ် မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်သား ၇ ဦးထက်နည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း၂...