တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာကို မီးရှို့ဖျက်ဆီးသည့် စစ်ကြောင်းအား တိုက်ခိုက်မှု ၁၈ ဦး ထက် မနည်းသေဆုံး၊ စစ်တပ်က မီးရှို့မှုကြောင့် စပါးကြွယ်ကျေးရွာမှ ၇၅၀ ခန့်မီးလောင်ပြာကျ
သံလွင်မြန်မာသတင်း
မေလ ၂၅
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာကို မီးရှို့ဖျက်ဆီးသည့် စစ်ကြောင်းအား တိုက်ခိုက်ခဲ့ ရာ စစ်သား ၁၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ကထံက သိရသည်။
မေလ ၂၁ ရက်နေ့မှ စ၍ တောင်ငူမြို့အနောက်ဘက်၊ အမြန်လမ်း၊ မိုင်တိုင် ၁၄၇ အနီးရှိ စပါးကြွယ် ကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား စတင်တိုက်ပွဲဖြစ်ခဲ့ရာ ယနေ့ မေလ ၂၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန် ရေးတပ်ဖွဲ့ဝင်များ၏ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် တိုက်ခိုက်ခြင်းကြောင့် လည်း ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများပြားသော်လည်း အရေအတွက် အတိအကျ သိရှိရခြင်းမရှိသေးဟုဆိုသည်။
“စကစတွေဘက်အသေအပျောက်ကများပါတယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေက အပိုင်စောင့်ပြီး တွယ် နေတာ၊ စနိုက်ပါထိတာတင် ၁၈ ဦးသေတယ်၊ မိုင်းကွင်းထဲဝင်လာတဲ့ စစ်ခွေးတွေကိုလည်း မိုင်းဆွဲ တိုက်ခိုက်တာ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုမှာလည်း ထိခိုက်က်သေဆုံးမှုကရှိတယ်၊ အဲဒါ ကြောင့် မနေ့ကည ၈ နာရီလောက်က လေယာဉ် နဲ့လာပစ်တယ်၊ လေယာဉ်ပေါက်ကနေ စက်သေ နတ်နဲ့ ပစ်ကူပေးနေတာ” ဟု တော်လှန်ရေးသတင်း ရင်းမြစ်က ပြောကြားသည်။
အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်က အိမ်ခြေ ၁၀၀၀ ခန့်ရှိသော စပါးကြွယ်ကျေးရွာကို မေလ ၂၃ ရက် နံနက် ၆ နာရီခန့်ကစ၍ ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို သယ်ယူခြင်း၊ ပဲအိတ်၊ ဆိုင်ကယ္များကို ခိုးယူသိမ်းဆည်းခြင်းများ လုပ်ဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ် ကောင်စီတပ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၅၀ ခန့်မီးလောင်ပြာကျသွားကြောင်း သိရ သည်။
“တနေကုန်ရှို့သွားတာ၊ အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ရွာက ၄ ပုံ ၃ ပုံလောက်ပြာကျသွားတယ်၊ အိမ် ကြီးအိမ်ကောင်းတွေချည်းပဲ၊ အများကြီးမီးလောင်သွားတယ်၊ စာသင်ကျောင်းပါမချန်ဘူး ရှို့တာ၊” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
Thanlwin Myanmar Media