Bago News

Bago News

မင်းလှမြို့နယ်၊ ခါချဉ်တောင်ပေါ်သို့ တ်ကလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၁၀ ဦး ထက် မနည်းသေဆုံး၊ သေဆုံးစစ်သားအလောင်းများကို ချောက်ထဲစွန့်ပစ်

 

သံလွင်မြန်မာသတင်း

မေလ ၂၄

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲရှိ ခါချဥ်တောင်ပေါ်သို့ တက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

မေလ ၂၂ ရက် ည ၁၁ နာရီ ၃၀ မိနစ်က မင်းလှမြို့နယ်၊ ပဲခူးရိုးထဲရှိ ခါချဉ်တောင်ပေါ်သို့ စိန်ကန့် လန့်− မြိုချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း ခြေလျင်တက်လာသော အင်အား ၁၀၀ ကျော်ပါ စစ် တပ် စစ်ကြောင်းကို ဟိုင်းယုလမ်းဆုံနှင့် ပျဥ်ကတိုးခင်းရွာကြားက တရုတ်ပေါက် ကျောက်ကုန်း အနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိ၍ ဘန့်ဘွေးကုန်းကျေးရွာဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

 

မေလ ၂၃ ရက် နံနက် ၅ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာနေရာအနီး ကျန်ခဲ့သော စစ်သားများ၏ ရုပ် အလောင်းများကို လာရောက်ကောက်ယူသည့် စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ် ခတ်နေသောကြောင့် ဆုတ်ခွာပေးလိုက်ရသည်ဟုဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းမှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

 

မေလ ၂၄ ရက် နံနက် ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်းလင်းရေး ဆောင် ရွက်စဉ် စစ်သုံးအဆောင်ပစ္စည်းအချို့နှင့်အတူ ချောက်ကမ်းပါးထဲ စွန့်ပစ်ထားခဲ့သည့် စစ်သား အလောင်း ၁ လောင်း၊ မြေကြီးတွင်း၌ မလုံ တလုံ မြေမြှုပ်ထားခဲ့သည့် စစ်သားအလောင်း ၃ နှင့် သွေးအိုင်များတွေ့ရှိခဲ့ရကြောင်း၊ ယင်းစစ်သားအလောင်းများကို မြေမြှုပ်သင်္ဂြိုလ်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်အတွင်းရှိ စစ်တပ်စခန်းနေရာ ၁၂ ခုကို တပြိုင်တည်းဝင် ရောက်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၄   မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂...