Magway News

Magway News

YDF ခေါင်းဆောင် မြတ်သူ(ခ)သိန်းဇော်ဝင်း၏ တပ်ဖွဲကို အသုံးချပြီး အာဏာအလွဲသုံးစားမှု၊ သစ်၊ မူးယစ်ဆေးဝါးများဖြင့် ကိုယ်ကျိုးရှာမှု၊ လက်အောက်ငယ်သားများအပေါ်မတရား ဖမ်းဆီးနေမှုများ ကို မခံနိုင်၍ YDF တပ်ဖွဲ့မှ စစ်ဒေသမှူးဗိုလ်ကြီးကောင်းကောင်းဦးဆောင်ကာ ခွဲထွက်

 

သံလွင်မြန်မာသတင်း

မေလ ၂၄

 

Yaw Defense Force-YDF ခေါင်းဆောင် မြတ်သူ (ခ)သိန်းဇော်ဝင်းက တပ်ဖွဲ့ကိုအသုံးချုပြီး အာဏာ လွဲသုံးစားမှု၊ သစ်၊ မူးယစ်ဆေးဝါးရောင်းဝယ်ကာ ကိုယ်ကျိုးရှာနေမှု၊ လက်အောက်ငယ်သားများပေါ် မတရားဖမ်းဆီးနေမှုများကို မခံနိုင်ငံ YDF တပ်ဖွဲ့မှ စစ်ဒေသမှူးဗိုလ်ကြီးကောင်းကောင်းဦးဆောင် ကာ ခွဲထွက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယောကာကွယ်ရေးတပ် YDF မှ ခေတ္တတိမ်းရှောင်ရလာသူများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းသည့်အချိန်မှစ၍ အသက်ပဓာနမထားပဲ မိသားစု၊ အိုးအိမ်များကို စွန့်ခွါ ၍ တော်လှန်ရေးထဲတွင် ဘဝ နှစ်၍ ပါဝင်ခဲ့ကြကြောင်း၊ စစ်အာဏာရှင်စနစ်ကို တော်လှန်ရာ တွင် ပြည်သူလူထုကို ကာကွယ်ရန်၊ ပြည်သူကိုအလုပ်အကျွေးပြုရန်၊ ဒေသတွင်းတော်လှန်ရေး အင် အားစုများနှင့် လက်တွဲညီရန်၊ တော်လှန်ရေးကိုခုတုံးလုပ်၍ကိုယ်ကျိုးမရှာရန်၊ လက်နက်ဖြင့်အာဏာ မတည်ဆောက်ရန်၊ ပြည်သူမလိုလားပါက အဖွဲ့အစည်းအားဖျက်သိမ်းရန်တို့ကို သံဓိဌာန်ချထားခဲ့ကြ ကြောင်း အသိပေးထားသည်။

တော်လှန်ရေးကာလ ၄ နှစ်ကျော်လာချိန်တွင် YDF-တပ်ဖွဲ့အတွင်း၌ ကိုယ်ကျိုးရှာကြသူ များ၊ “ဆရာ မွေး၊ တပည့်မွေး” များပြုလုပ်လာခြင်း၊ တပ်မှူးအချင်းချင်း သွေးကွဲစေမည့်စကားများပြောဆိုခြင်း များ၊ ပြည်သူနှင့်အခြားတော်လှန်ရေး တပ်ဖွဲ့များကို ရန်သူသဖွယ်သဘောထားခြင်း စသည်များ ဖြစ် ပေါ်ခဲ့သည်ဟု ဆိုသည်။

 

ထိုသို့ ဖြစ်ပျက်နေမှုများသည် တပ်ဖွဲ့အတွင်း ဥပဒေ၊ နည်းဥပဒေများ အားနည်းခြင်းကြောင့်ဖြစ်ပေါ် သည်ကိုတွေ့ရသဖြင့် ဥပဒေ၊ နည်းဥပဒေ များကိုပြုပြင်ရန် ဗိုလ်ကြီးကောင်းကောင်း ဦးဆောင်၍ တပ်ဖွဲ့ဝင် ၂၉ ဦးအပါအဝင် စုစုပေါင်း ၄၃ ဦးတို့မှာ ခေတ္တခွဲထွက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ခွဲထွက်ခြင်းနှင့်ပတ်သက်၍ မြတ်သူ(ခ)သိန်းဇော်ဝင်းဦးဆောင်သော အဖွဲ့က ဗိုလ်ကြီးကောင်း ကောင်း၊ ရဲဘော်ကိုငယ်၊ ရဲဘော်ဂျစ်တူး၊ ရဲဘော်သားငယ်၊ ရဲဘော်သားကြီး(လယ်မ)တို့ ၅ ဦးကို တပ် ဖွဲ့ပိုင်၊ လက်နက်ခဲယမ်းအား ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်ဖောက်ကားခြင်း၊ တပ်ပိုင်ဘဏ္ဍာငွေဖြင့် ကိုယ်ကျိုးစီးပွားရှာဖွေခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် သစ်မှောင်ခို‌ရောင်းဝယ်ဖောက်ကားမှု ကျူး လွန်ခြင်း၊ တပ်တွင်းစည်းလုံးရေးပျက်ပြားစေရန် တိုက်တွန်းလှုံ့ဆော်ခြင်း၊ တပ်တွင်းပဋိပက္ခ ဖြစ်ပွား စေရန် တိုက်တွန်းလှုံ့ဆော်ခြင်း၊ တပ်တွင်းပုန်ကန်မှု ဦးဆောင်ခြင်း၊ တပ်တွင်းပုန်ကန်မှု ကြံစည်ခြင်း၊ တပ်တွင်းပုန်ကန်မှု လှုံ့ဆော်ခြင်း၊ တပ်တွင်းပုန်ကန်မှု ကျူးလွန်ခြင်း၊ ပြစ်မှုဆိုင်းငံ့ ခံဝန်ကတိကဝတ် အား ချိုးဖောက်ခြင်း၊ အကျဉ်းထောင်ဖောက်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ သင်တန်းသားများ၏ အ သက်အန္တရာယ်အား ခြိမ်းခြောက်ခြင်း၊ သင်တန်းကွင်းရှိ ရဲဘော်၊ရဲမေ အချို့အား ပြန်ပေးဆွဲခြင်း၊ ထွက်‌ပြေးတိမ်းရှောင်ရာ တောတွင်းရှိသော စစ်ဘေးရှောင်ပြည်သူလူထု၏ ပစ္စည်းဥစ္စာအား လုယူ ဓါးပြတိုက်ခြင်းစသည်ပြစ်မှုများဖြင့် စွပ်စွဲကာ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

 

YDF- ဦးဆောင်သူ သိန်းဇော်ဝင်း (ခ) မြတ်သူသည် သူ၏အာဏာဆုံးရှုံးခြင်း၊ ကိုယ်ကျိုးစီးပွားပျက်စီး ခြင်း များကိုကာကွယ်ရန်အတွက် တပ်မှူးများအချင်းချင်းသွေးခွဲကာ ဗိုလ်ကြီးကောင်းကောင်းအား ဖမ်းစီးစေခဲ့ကြောင်း၊ ဖမ်းဆီးရာတွင်လည်း ခုခံကာကွယ်ခြင်း မရှိသော်လည်းရန်သူသဖွယ် အကြမ်း ဖက် ဖမ်းဆီးခဲ့ကြောင်း ခွဲထွက်လာသော အဖွဲ့က အသိပေးထားသည်။

ဖမ်းဆီးထောင်ချထားချိန်တွင်လည်း ပြစ်မှု၊ ပြစ်ဒဏ်များ ရှိ၍ ဖမ်းဆီးခြင်းမဟုတ်ပဲ အဖွဲ့အစည်းအား ပြုပြင်ရန်လိုအပ်၍ ဖမ်းဆီးခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ YDF -၏ ဗဟိုစစ်ရုံးချုပ် ရက်စွဲ ၂၀၂၅ခုနှစ်၊ မေလ၊ ၂၀ ရက် နေ့က ထုတ်ပြန်သောစာတွင်သာ ပြစ်မှု၊ ပြစ်ဒဏ်များသည် မြတ်သူ(ခ) သိန်းဇော်ဝင်း၏ သဘောဖြင့်  ထုတ်ပြနခဲ့ခြင်းဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။

 

၂၀၂၅ ခုနှစ်၊ မေလ၊ ၈ ရက်နေ့တွင် YDF- ဦးဆောင်သူ သိန်းဇော်ဝင်း(ခ) မြတ်သူ၏ အာဏာရှင်ဆန် မှု၊ တပ်ဖွဲ့ပိုင်များကိုကိုယ်ကျိုးစီးပွားအသုံးချမှု၊ အဖိုးတန်ပစ္စည်းများရောင်းချမှု၊ တပ်မှူးအချင်းချင်း သွေးခွဲမှု တို့ကို ပြည်သူပိုင် မခံနိုင်၍ ဗိုလ်ကြီးကောင်းကောင်းဦးဆောင်သော တပ်ဖွဲ့သည် ခေတ္တတိမ်း ရှောင်လာခဲ့ကြခြင်းဖြစ်ပြီး တိမ်းရှောင်သူများထဲတွင် ဗိုလ်ကြီး၊ နိုင်ငံရေးမှူး၊ စီးပွားရေးတာဝန်ခံ၊ စစ် ကြောင်းမှူးများ၊ သင်တန်းမှူးများ၊ စသည့်အရာရှိ၊ အကြပ်၊ စစ်သည်များစွာ ပါဝင်ခဲ့ကြောင်း သိရ သည်။

 

ခေတ္တရှောင်တိမ်းရာတွင် အာဏာရှင်မြတ်သူ၏ လက်သပ်မွေးတပည့်များမှ လိုက်လံပစ်ခတ်ခဲ့သော် လည်း အကြပ်ကိုင် ခိုင်းစေခံရသူ ရဲဘော်များ ပါဝင်နေ၍ ပြန်လည်ပစ်ခတ်ခြင်းမပြုလုပ်ပဲ ရှောင်တိမ်း ခဲ့သည်ဟု ဆိုသည်။

 

YDF- အနေဖြင့် စစ်အာဏာရှင်ကို တော်လှန်ကြသော စစ်မှန်သော တော်လှန်ရေးတပ်ဖွဲ့များ လက် တွဲ၍ ဆွေးနွေးအဖြေရှာသော နိုင်ငံရေးလမ်းစဉ်ဖြင့်သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ၊ ၂၃ ရက်နေ့မှစတင်၍ YDF- ၏ ကိစ္စအဝဝအား ဗိုလ်ကြီးကောင်းကောင်းဦးဆောင်သောအဖွဲ့မှ စီမံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အာဏာရှင်၊ အကြမ်းဖက် သိန်းဇော်ဝင်း(ခ)မြတ်သူ ၏လက်အောက်တွင် ရှိနေကြသော တပ်မှူးများ၊ ရဲဘော်များ၊ အချို့အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ အနေဖြင့် ဗိုလ်ကြီးကောင်းကောင်း ဦး ဆောင်သော”YDF” တပ်ဖွဲ့အတွင်းသို့ လာရောက်တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းထားသည်။

 

စစ်အာဏာရှင်ကို တော်လှန်နေကြသော စစ်မှန်သည့် တော်လှန်ရေး အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ ပြည်သူလူထုများ အနေဖြင့် တော်လှန်ရေးကို ရှေ့ရှု၍ အမှန်တရားဘက်မှ ရပ်တည်ပေးကြပါရန် ဆက်လက် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...