Chin State News

Chin State News

တီးတိန်မြို့နယ်၊ စီယင်းဒေသတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ပြင်းထန်နေ၊ ဒေသနေပြည်သူ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ

 

သံလွင်မြန်မာသတင်း

မေလ ၂၃

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီယင်းဒေသတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းနေပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ထွက်ပြေးမှုများရှိ ကြောင်း CDF CDM ထံမှ သိရသည်။

 

မေလ ၁၈ ရက်နေ့မှ စ၍ ကလေးမြို့မှတဆင့် စစ်ကောင်စီတပ်က အင်အား ၅၀၀ ကျော်အသုံးပြုကာ ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာသဖြင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တီးတိန်မြို့နယ်၊ စီယင်းဒေသမှ ခုခံတိုက်ခိုက်လျက်ရှိရာ မေလ ၂၁ ရက် နံနက် ၈ နာရီမှစတင်ပြီး ယနေ့မေလ ၂၃ ရက် နေ့အထိ တိုက်ပွဲပြင်းထန်နေကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး စစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးနေသူများလည်းရှိကြောင်း သိရသည်။

“တိုက်ပွဲက မေလ ၂၁ ရက် မနက် ၈ နာရီကနေဖြစ်တာ၊ အခုထိပါပဲ၊ လေကြောင်းတော့ မသုံးဘူး။ အင်အားက ၅၀၀ ကျော်ရှိတယ်လို့ သိရတယ်။ ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်၊ ထွက်ပြေးနေတဲ့ သူတွေလည်းရှိတယ်၊” ဟု CDF CDM Siyin ပြောရေးဆိုခွင့်ရှိသူ ကိုဒီကီ က ပြောကြားသည်။

 

အဆိုပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို CDF CDM SIYIN ၊ PDF Zoland နှင့် CDF KKG တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် တီးတိန်မြို့နယ်၊ စီယင်းဒေသရှိ Mual pi ၊ Vomsem ၊ Thei Zamg ၊ Hiangzing စသည့်ကျေးရွာများမှ ပြည်သူ ၁၀၀၀ ကျော်စစ်ဘေးရှောင်နေရပြီး မိဘ ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် CDF CDM SIYIN က မေတ္တာရပ်ခံထားသည်။

Photo – တီးတိန်မြို့နယ်၊ စီယင်းဒေသနေ စစ်ဘေးရှောင်ပြည်သူများ

 

“တရားသောစစ် အောင်ကို အောင်ရမှာဖြစ်တယ်၊ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားကာ ကွယ်ခုခံနေပါတယ်၊ မိဘပြည်သူတွေအနေနဲ့ ဆုတောင်းကူပေးကြပါ” ဟု CDF CDM Siyin ပြောရေး ဆိုခွင့်ရှိသူ ကိုဒီကီ က ပြောဆိုသည်။

 

အလားတူ တီးတိန်မြို့နယ်၊ စီယင်းဒေသ၊ ခိုင်ကမ်းကျေးရွာနှင့် မွန်ပီးကျေးရွာကြားတွင် ယင်းအကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ CDF-CDM Siyin ဘက်မှ ရဲဘော်တစ်ဦး လူမျိုးနှင့် နိုင် ငံတော်အတွက် အသက်ပေးခဲ့ရကြောင်း၊ ထိုသို့ အသက်ပေးလှူသွားသည့် CDM- Siyin မိသာစုများ နှင့် ထပ်တူ ZO NATIONAL UNION / ZO ARMY မှ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန် ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်တွင် ၃ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၅   တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ရက် ဆက် တိုက် ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒူရကစစ်ကြောင်းနှင့်...