Bago News

Bago News

တောင်ငူမြို့အနောက်ဘက် အမြန်လမ်းမကြီး မိုင်တိုင် ၁၄၇ တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရ

 

သံလွင်မြန်မာသတင်း

မေလ ၂၃

 

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူမြို့အနောက်ဘက် အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၄၇ အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသနေပြည်သူများထံက သိရ သည်။

 

ယမန်နေ့မေလ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က တောင်ငူမြို့အနောက်ဘက် အမြန်မလမ်းမ ကြီး၊ မိုင်တိုင် ၁၄၇ အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက တောင်ငူလမ်းဆုံ အနောက်ဘက်၊ ပန်းဘဲချောင်းအနောက် ဖက်ခြမ်း ရှိ စပါးကြွယ်ကျေးရွာပတ်ဝန်းကျင်ကို ရဟတ်ယာဉ် တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ စက်သေနတ် ဖြင့် ပစ်ခတ်ခြင်းများလုပ်ဆောင်နေသောကြောင့်ဒေသနပြည်သူအမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“တောင်ငူမြို့နဲ့အနီးဆုံးကို တိုက်ပွဲတွေ ရောက်လာနေပြီ။ စပါးကြွယ်ကျေးရွာပတ်ဝန်းကျင်ကို ဟတ် စကီး၊ တိုက်လေယာဉ်နဲ့ ဗုံးကျဲတယ်၊ စက်သေနတ်တွေနဲ့ ရွာထဲကို ပစ်တယ်၊ တိုက်ပွဲက မပြီးသေး တော့ အပျက်အစီး အသေပျောက်မသိရသေးဘူး။ တိုက်ပွဲဖြစ်နေတာက စပါးကွယ်ရွာ၊ ငုံးမင်းရွာ တွေ မှာဖြစ်နေတာ၊ ဓာတ်အားပေးစက်ရုံကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်တိုက်နေတာပါ၊ ပြည်သူ‌တွေ တော့ ကြောက်လန့်ပြီး ဘေးလွတ်ရာရွှေ့နေကြရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြား သည်။

 

တိုက်ပွဲဖြစ်ပွားရာနေရာသို့ အမြန်လမ်းမကြီးအရှေ့ဘက် ကန်ပေါက်ကြီးရွာတွင် အမြောက်ကား ၃ စီး ထားကာ ပစ်ကူပေးတိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီတပ်၏ လေယာဉ်၊ လက်နက်ကြီးမျာဖြင့် ပစ်ခတ်မှုကြောင့် စပါးကြွယ်ရွာ၊ တောပုရွာ ၊ ကြက်ရိုးပင်ရွာ၊ ဇီးပင်သာ ၊ ငုံးမင်းရွာစသည့် ကျေးရွာ များမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...