Bago News

Bago News

မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာနေ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စန်းဌေးကို အရှင်ဖမ်းမိပြီး အမှုစစ်ဆေးရန်ခေါ်ထုတ်စဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၂

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာနေ စစ်တပ်အတွက် အလုပ်လုပ်ပေးနေ သူ စန်းဌေးကို အရှင်ဖမ်းမိခဲ့သော်လည်း စစ်ဆေးရန်ခေါ်ထုတ်စဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်း ဆီးရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

မေလ ၁၉ ရက် ညနေ ၅ နာရီခန့်က မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ရပ်ကွက်နေ စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ စန်းဌေး ကို စိန်ကန့်လန့်−မြိုချောင်း ရိုးမဖြတ်ကျော်လမ်းဘေးရှိ ပျဥ်း ကတိုးခင်းရွာ အနီး၌ ကျည် ၉၂ တောင့်၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ဆိုင်ကယ်၁ စီး နှင့်တို့အတူ သာယာ ဝတီ ခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ၎င်းကို နောက်တန်း အချုပ်၌ ထိန်းသိမ်းထားပြီး ယနေ့ မေလ ၂၂ ရက် နံ နက် ၇ နာရီ ခန့်တွင် စစ်ဆေးမေးမြန်းရန်အတွက် ကင်းတာဝန်ကျ ရဲဘော်များက အချုပ်ထဲမှ ခေါ် ထုတ်စဥ် ခုခံထွက်ပြေးသဖြင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန် သေဆုံးသွားကြောင်းသိရ သည်။

 

သေဆုံးသွားသော စန်းဌေး သည် ရိုးမအတွင်းရှိ PDF စခန်းများကို စစ်ကောင်စီတပ်သားများအား သတင်းပေးခြင်း၊ လမ်းပြခြင်း၊ စစ်ကောင်စီတပ်သားများနှင့်ပေါင်း၍ ပြည်သူများ၏ ကျွဲနွားများအား  ဖမ်းဆီးကာ သတ်ဖြတ်ရောင်းချခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့နေသည်ဆိုကာ ပြည် သူများအား စစ်တပ်ထံ မမှန်သတင်းပေး၍ ဖမ်းဆီးသတ်ဖြတ်ခိုင်းခြင်းများ လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း အသိပေးထးသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့ထွေအုပ်ရုံးနှင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့၌ တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် ၄...