Mon State News

Mon State News

မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၃၈၁ အမြောက်တပ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၂

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၃၁၈ အမြောက်တပ်ကို တိုက်ခိုက်ခဲ့ ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) NMSP (AD) က ထုတ်ပြန်သည်။

 

ယမန်နေ့မေလ ၂၀ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်က မုဒုံမြို့နယ်၊ မော်လမြိုၚ်- သံဖြူဇရပ်လမ်းမ ကြီးပေါ်ရှိ ရောၚ်းဒေါၚ်းကျေးရွာအနီး၌ အခြေစိုက် တပ်စွဲထားသော စစ်ကောၚ်စီ၏ အမှတ် ၃၁၈ အ မြောက်တပ် (အမတ ၃၁၈) ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) NMSP (AD) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း နှစ်အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) NMSP (AD) မှ တပ်ဖွဲ့ဝင်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေး၊ အင်မထီး ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းအား ခုခံတိုက်ခိုက်မှု စစ်သား ၅၀ ခန့် သေဆုံး   သံလွင်မြန်မာသတင်း ဩဂုတ်လ ၂   စစ်ကိုင်းတိုင်း၊ ကန့်ဒေါင့် ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ရရှိသည်ဆိုသော...