Yangon News

Yangon News

မင်းအောင်လှိုင်ကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့ပေးထားသည့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် စာသင်ကြားနေသူ အငြိမ်းစား ဗိုလ်ချုပ် ချိုထွန်းအောင် နေအိမ်အတွင်း ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၂

 

မင်းအောင်လှိုင်ကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့ပေးထားသည့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် စာ သင်ကြားနေသူ အငြိမ်းစား ဗိုလ်ချုပ် ချိုထွန်းအောင်ကို နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခဲ့ရာ သေ ဆုံးသွားကြောင်း Golden Valley Warriors အဖွဲ့က ထုတ်ပြန်သည်။

 

ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြိုနယ်၊ ၅ ရပ် ကွက် ၊ အေဝမ်းလမ်း ပေါ် နေထိုင်သူ အငြိမ်းစား ဗိုလ်ချုပ်ချိုထွန်းအောင်ကို Golden Valley Warriors မြို့ပြပြောက်ကျား ရဲဘော် များက နေအိမ်အတွင်း ဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဗိုလ်ချုပ် ချိုထွန်းအောင်သည် ၂၀၂၃ ခုနှစ်တွင် မင်းအောင်လှိုင်ကိုယ်တိုင် ဝဏ္ဏကျော်ထင် ဘွဲ့ ပေးအပ်ခံရသူဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (National Defense College-NDC) တွင် Internal Security & Counterterrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက် ဖျက် ရေး) ဘာသာရပ်နှင့် နိုင်ငံ တကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားနေသူဖြစ်ကြောင်း သိရ သည်။

 

စစ်အရာရှိကြီးများ အတွက် ဖွင့်လှစ်ထားသော နိုင်ငံတော် ကာကွယ်ရေး တက္က သိုလ် NDC သည် စစ်တပ် ဗိုလ်မှူးကြီးအဆင့်မှ စတင် တက်ရောက်ရသည့် စစ်တပ် ၏ အရေးပါသည့် အဆင့်မြင့် စစ် သင်တန်းကျောင်းတခုဖြစ်သည်။

 

Golden Valley Warriors အဖွဲ့က ကာလအတော်ကြာ အချက်အလက်စုဆောင်း စုံစမ်း ထောက် လှမ်း အတည်ပြုနိုင်ခဲ့ပြီးနောက် ၎င်းကို ပစ်ခတ်ရှင်း လင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

စစ်တပ်မှ ဗိုလ်မှူးချုပ် / ဗိုလ်ချုပ်ရာထူးဖြင့်အငြိမ်းစားယူခဲ့သော်လည်း လက်ရှိအကြမ်းဖက်စစ်တပ် ၏ နေ့စဉ်လူမဆန်မှုများစွာအတွက် စစ်ဘက်ဆိုင်ရာ သင် ကြားပို့ချနေသူများကိုလည်း စစ်ရေးပစ် မှတ် အဖြစ်သတ်မှတ် သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ် ချိုထွန်းအောင်သည် ဘရူးနိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ်ပါ ဆောင်ရွက်ခဲ့ဖူးပြီး မြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကာ နေ ပြည်တော် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC တွင် အကြမ်းဖက်စစ်တပ်အရာရှိကြီးများကို ဆက်တိုက် သင်ကြားပို့ချနေခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းအောင်လှိုင်၏ အားထားရသူ များထဲတွင် အငြိမ်းစား ဗိုလ်ချုပ် ချိုထွန်းအောင် လည်းပါဝင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မတ်လ ၂၆ ရက်နေ့တွင် မင်္ဂလာဒုံလေ တပ်စခန်းမှ စစ်တပ်သယ်ယူပို့ဆောင်ရေးလေယဉ် MAF003 အထူးလေယာဉ်ဖြင့် စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနှင့် ထင်ရှားအရေးပါသူများကို နေ ပြည်တော်စစ်ရေးပြ အခမ်းအနားတက်ရန် မင်းအောင်လှိုင်က စီစဉ်ပေးထားခဲ့ကြောင်း၊ အဆိုပါလေ ယာဉ်ပေါ်တွင် အေးနေဝင်းတို့မိသားစု အပါအဝင် ဗိုလ်ချုပ်ချိုထွန်းအောင်လည်းပါဝင်ခဲ့ကြောင်း သိ ရသည်။

၂၀၂၅ တပ်မတော်နေ့ စစ်ရေးပြပွဲအခမ်းအနားအပြီး မတ်လ ၂၈ရက် နေပြည် တော်မှ ရန်ကုန်အပြန် လမ်းကြောင်းအတွက် စစ်တပ်သယ်ယူပို့ဆောင်ရေးလေယာဉ် MAF0011 အထူးလေယာဉ်ဖြင့် ဗိုလ် ချုပ် ချိုထွန်းအောင် ပြန်လာခဲ့ကြောင်း သိရသည်။

 

မင်းအောင်လှိုင်သည် ၎င်း အားကိုးရသည့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ အကြံဥာဏ်များကို ရယူပြီး ပြည်သူ့စစ် မဟာ ဗျူဟာ ကို စစ်မှုထမ်း ဟောင်းအဖွဲ့အင် အားဖြင့် လုပ်ဆောင်နေကြောင်း၊ အဆိုပါ အဖွဲ့၏ တိုင်းအဆင့်ခေါင်းဆောင်များတွင် ဗိုလ်ချုပ်ချိုထွန်းအောင်ပါဝင်ကြောင်း သိရှိရသည်။

 

မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်ချိုထွန်းအောင်ကို သူကိုယ်တိုင် ဝဏ္ဏကျော်ထင် ဘွဲ့တံဆိပ်ပေးအပ်ခဲ့ပြီး ရွှေအချိန် ၅ ကျပ်သားကိုပါ ဂုဏ်ပြုဆုအဖြစ် တပါတည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

Golden Valley Warriors အဖွဲ့က စစ်တပ်၏ အကြီးစား ထောက်တိုင်များကို စဉ်ဆက်မပြတ် ဖြို ဖျက်ရန် သတင်း ထောက်လှမ်း လျက်ရှိကြောင်း၊ ထို့အပြင် အကြမ်းဖက်လေတပ် လေယာဉ်မှူးများ ၏ အချက်အလက်များကိုလည်း သတင်း စုဆောင်းလျက်ရှိရာ ၎င်း တို့၏ ဆက်စပ် သတင်းများရရှိ ထားပါက ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ထံပေးပို့ပေးရန် တောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

အုတ်ဖိုမြို့နယ်၊ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ၃ သိန်းကျပ်တောင်းခံပြီး မပေးနိုင်သူများကို စစ်တပ် ခေါ်ဖမ်းခိုင်းနေသည့် အုပ်ချုပ်ရေးမှူး သန်းလွင် ပစ်ခတ်ခံရပြီး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်၊ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ၃ သိန်းကျပ်တောင်းခံ...