Kachin State News

Kachin State News

ဖားကန့်မြို့သို့ ချီတက်လာသော စစ်တပ်စစ်ကြောင်းကို တံတားညီနောင်တွင် ပိတ်ဆို့တိုက်ခိုက် မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား၊ အသေခံပြီးချီတက်နေသဖြင့် ဖားကန့်မြို့အနီးသို့ ရောက်ရှိ

 

သံလွင်မြန်မာသတင်း

မေလ ၂၂

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ ချီတက်လာသော စစ်တပ် စစ်ကြောင်းကို တံတားညီနောင်တွင် ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း KIA စစ်ရေးသတင်း ရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့မေလ ၂၁ ရက်နေ့တွင် ဖားကန့်မြို့သို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ချီတက်လာသော အ ကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို လဝါး – ကာမိုင်း -နန့်ယား – ဖားကန့်လမ်းပိုင်းရှိ တံတားညီ နောင်အနီးတွင် KIA ၊ KPDF တပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်သား များ အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အခုလောလောဆယ် နန့်ယားကို ကျော်လာပြီးတော့ တံတားညီနောင် နားတဝိုက်မှာ တိုက်ပွဲအကြီး အကျယ်ဖြစ်နေတာ၊ ဒီနေ့လည်း မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်သွားတယ်၊ မနေ့တုန်းက ရော၊ တနေ့တုန်းကပါ နေ့တိုင်း ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်၊ အဲဒီမှာ စစ် ကောင်စီဘက်က ထိခိုက်တာတွေ၊ သေဆုံးတာတွေ အများကြီးရှိတယ်၊ နောက်ပြီးတော့ သူတို့ဆီက လက်နက်သိမ်းဆည်းရရှိတာတွေ အများကြီးရှိတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြား သည်။

 

လဝါး -ကာမိုင်း-နန့်ယား-ဖားကန့်လမ်းပိုင်းတွင် တိုက်ခိုက်ချေမှုန်းခံရပြီး အကြမ်ဖက်စစ်သား၊ SNA ပြည်သူ့အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားနေသော်လည်း တဖြည်းဖြည်းချင်း အသေခံကာချီတက် နေသဖြင့် တံတားညီနောင်သို့ ကျော်လာပြီး ဖားကန့်မြို့နှင့် ၁၀ မိုင်ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ် ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲပစ်ကူပေး သည့် အပြင် ဖားကန့်မြို့ တပ်မကုန်းကနေလည်း လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

“ဖားကန့်တပ်မကုန်းကနေ တိုက်ပွဲဖြစ်တဲ့ ဖားကန့်လမ်းဘက်ကို လက်နက်ကြီးနဲ့ ၃ ချက်ပစ်ကူပေး တယ်၊ ဖားကန့်မှာတော့ အခြေအနေ နည်းနည်းငြိမ်သက်နေသေးတယ်၊ ဖားကန့်မြို့ ပေါ်မှာရှိတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်စခန်းအပြင်တောင် သိပ်မထွက်ရဲတော့ဘူး။ ဖားကန့် တပ်မ ကုန်း၊ ဖားကန့်ရဲစခန်း၊ ကံဆည်းဗျူဟာကုန်း၊ မစွက်ယန်ထန်ယမ်းချက် စခန်းအဲဒီနေရာမှာရှိတဲ့ စစ်ကောင် စီ တပ်ဖွဲ့ဝင်တွေ အပြင်မထွက်ရဲတော့ဘူး။ ဖားကန့်မှာက KIA ၊ KPDF တပ်ဖွဲ့ဝင်တွေက နယ် မြေ စိုးမိုး ထိန်းချုပ်ထားတယ်။” KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

 

KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် လဝါး – ကာမိုင်း – နန့်ယား – ဖားကန့်လမ်း ပိုင်းနှင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်းတို့ကို ပြန်လည်ထိန်းချုပ်ရေးအတွက် အကြမ်းဖက် စစ် ကောင်စီတပ်က စစ်သား၊ ပြည်သူ့စစ် ပူးပေါင်းကာ အင်အား ၆၀၀ ကျော်၊ တင့်ကား ၂ စီး တို့ဖြင့် ဖား ကန့်သို့ ချီတက်နေခြင်းဖြစ်ပြီး ၂၈ ရက်ကြာမြင့်ပြီဖြစ်သော်လည်း ဖားကန့်မြို့သို့ရောက်ရှိခြင်းမရှိ သေးပဲ လဝါး – ကားမိုင်း -နန့်ယား – ဖားကန့်လမ်းပိုင်းရှိ တံတားညီနောင်တွင် KIA ၊ KPDF တပ်ဖွဲ့ ဝင်များက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

အုတ်ဖိုမြို့နယ်၊ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ၃ သိန်းကျပ်တောင်းခံပြီး မပေးနိုင်သူများကို စစ်တပ် ခေါ်ဖမ်းခိုင်းနေသည့် အုပ်ချုပ်ရေးမှူး သန်းလွင် ပစ်ခတ်ခံရပြီး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်၊ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ၃ သိန်းကျပ်တောင်းခံ...