Bago News

Bago News

လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေး ကောက်ခံပြီး တပ်သားသစ်စုဆောင်းနေသည့် သိုက်ဝါး ချောင်းအုပ်စုမှ စစ်ကောင်စီခန့် ရာအိမ်မှူး အုန်းသန်း ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၁

 

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သိုက်ဝါးချောင်းအုပ်စုတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံ ပြီး တပ်သားသစ်စုဆောင်းနေသည့် ရာအိမ်မှူး အုန်းသန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ရွှေ တန်းမြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်အချိန် လက်ပံတန်းမြို့နယ် ၊ သိုက်ဝါးချောင်း အုပ်စုမှအတွင်း ပြုလုပ်လျက်ရှိသော လောင်းကစားဝိုင်းအတွင်း၌ အကြမ်းဖက် စစ်ကောင်စီခန့် ရာ အိမ်မှူး အုန်းသန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသွားသော ရာအိမ်မှူး အုန်းသန်းသည် ကျေးရွာနေ ပြည်သူများကို အာဏာပြ၍ ဆက်ဆံခြင်း၊ စစ်မှုထမ်းကြေးများ အတင်းအဓမ္မ တောင်းခံခြင်း၊ မပေးနိုင်သည့် ပြည်သူများကို ဖမ်းဆီးရန် အမည် စာရင်းနှင့် စစ်တပ်ထံ ပေးပို့ခြင်းများ အပြင် စစ်တပ်က ပြုလုပ်ခိုင်းသော လောင်ကစားဝိုင်းများကို ကူ ညီလုပ်ကိုင်ပေးနေသူဖြစ်ကြောင်း အသိပေးထားသည်။

ထိုကြောင့် မိဘပြည်သူများ၏ တိုင်ကြားချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၉ မမ ပစ္စတို သေနတ်ဖြင့် ဦးခေါင်းတစ်ချက်၊ ရင်ဝ တစ်ချက်ပစ်ခတ်ခဲ့ရာ နေရာမှာပင် သေဆုံးသွားခြင်းဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်ပကဖ၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့) မှ တော်လှန်ရေး ရဲဘော်များကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံး

စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၄...