Magway News

Magway News

မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု PDF တပ်ဖွဲ့ ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၁

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ PDF ဖွဲ့ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့ ထံမှ သိရ သည်။

 

ယမန်နေ့မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ ဗဟင်းရွာ စာသင်ကျောင်း အနီးရှိ ထမင်းဆိုင်တစ်ဆိုင်ကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တိုက်လေယာဉ် ၁ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ထမင်းဆိုင် အ တွင်း၌ ထမင်းဝင်စား နေသည့် PDF ရဲဘော် ၄ ဦးနှင့် ဆိုင်ရှင် သားအမိ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးတပ်ဖွဲ့ဝင်များမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ TRIPLE-R တပ်ဖွဲ့မှ တပ်ခွဲမှူး ရဲဘော်ဇော်မြတ်၊ ရဲဘော်ဒေးဗစ်၊ ရဲဘော်မွန်းနှင့် ရဲဘော် လင်းယုန် တို့ဖြစ်ကြောင်း သိရသည်။

 

“ဘာတိုက်ပွဲမှမရှိဘဲနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ ဆိုင်ရှင်သားအမိ ၂ ဦးနဲ့ PDF ရဲဘော် ၄ ဦး ကျဆုံးတယ်လို့ သိရတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ က ပြောဆို သည်။

 

အလားတူ မေလ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်ကလည်း မြိုင်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ဖျသီးရွာအနီးကိုလည်း အကြမ်းဖက်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲအတွက် အ စည်းအဝေးပြုလုပ်သည့် စစ်သား၊ ရဲ ၊ ပျူနှင့် အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦး မီးလောင်းဒဏ်ရာ အပြင်းအထန်ရ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲအတွက် အ စည်းအဝေးပြုလုပ်သည့် စစ်သား၊ ရဲ ၊ ပျူနှင့် အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦး မီးလောင်းဒဏ်ရာ အပြင်းအထန်ရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသည့် စစ်သား၊ ရဲ၊ ပျူနှင့်အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်ခဲ့ ရာ ၃ ဦး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း‌ မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ...