မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် မိုးရွာသွန်းပြီး ငလျင်ကြောင့်ပြိုလက်စ အဆောက်အအုံ ထပ်မံပြိုကျမှုဖြစ်သဖြင့် အနီးပတ်ဝန်းကျင်နေအိမ်မှ ပြည်သူလူများကို ဘေးလွတ်ရာရွှေ့ပြောင်း
သံလွင်မြန်မာသတင်း
မေလ ၂၁
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် မိုးရွာသွန်းပြီး ငလျင်ကြောင့် ပြိုလက်စ အဆောက်အအုံ တစ်လုံး ထပ်မံပြိုကျမှုဖြစ်သဖြင့် အနီးပတ်ဝန်းကျင်ရှိနေအိမ်မှ ပြည်သူလူများကို ဘေးလွတ်ရာ ရွှေ့ ပြောင်းပေးခဲ့ရကြောင်း “မဏီစလ” လူမှုကူညီရေးအသင်း (မန္တလေး) ထံမှ သိရသည်။
ယနေ့ မေလ ၂၁ ရက် နံနက်အစာပိုင်း ၂ နာရီကျော်ခန့်က မိုးရွာသွန်းမှုဖြစ်ပွားပြီး မန္တလေးမြို့ ၊ မဟာ အောင်မြေမြို့နယ် ၊ ပဲပုတ္တန်းရပ် ၊ ၈၉ လမ်း – ၃၆ / ၃၇ လမ်းပေါ်ရှိငလျင်ဒဏ်ကြောင့် ပြိုကျနေသော အဆောက်အဦးတစ်လုံး ထပ်မံပြိုကျမှုဖြစ်ခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွင်းနေ ပြည်သူများ၊ ပစ္စည်းများကို ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
“လူထိခိုက်မှုတော့မရှိဘူး။ တဖက်အိမ်ကို ပိဖို့အတွက် ဓာတ်ကြိုး ၃ ချောင်းကတင်းခံနေလို့၊ အဲလိုမ ဟုတ်ရင် အဲဒီဘက်အိမ်ပေါ်ကို အကုန်လုံးအပိပဲ၊ အဆောက်အအုံ တစ်ဖက်ကို စောင်းသွားတာ၊ စောင်းပြီး ဓာတ်ကြိုး ၃ ချောင်းက ခံနေတာ၊ လူတွေပဲ ဖယ်ထုတ်ခဲ့ရတာ၊ အဲနားပတ်ချာလည် လူတွေ အကုန်လုံးဖယ်ထုတ်ပြီး ပစ္စည်းတွေ၊ လိုချင်တာတွေကိုအကုန်ထုတ်ကူပေးပြီး ရှင်းလင်းခဲ့ရတာပေါ့၊ လက်ရှိအချိန်ထိပဲ တိုက်က ဓာတ်ကြိုး ၃ ချောင်းနဲ့တင်းခံပြီး စောင်းစောင်းကြီးဖြစ်နေတာ၊” ဟု “မဏီစလ” လူမှုကူညီရေးအသင်း (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မေလ ၁၇ ရက်နေ့ကလည်း မန္တလေးမြို့၊မဟာအောင်မြေမြို့နယ် ၊ ရွှေကူဘုန်းကြီးကျောင်းတိုက် ငလျင်ကယ်ဆယ်ရေစခန်းတွင် နောက်ဆက်တွဲ မြေငလျင်လှုပ်မှုနှင့် မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ် ပင် လဲကျကာ သားအဖ ၂ ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အမရပူရမြို့နယ်တွင် လည်း နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်းသည်။
မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သည့် အဆောက်အအုံ ၄၀၀၀ ခန့်ရှိပြီး ငွေကြေး နှင့် စက်ယန္တရား မလုံလောက်မှုကြောင့် ဖြိုချရန် ကျန်ရှိနေသေးသည့် အဆောက်အအုံများစွာရှိနေ သေးကြောင်း သိရသည်။
Thanlwin Myanmar Media