Magway News

Magway News

ဂန့်ဂေါမြို့နယ်နှင့်ကျောက်ထုဒေသတွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၂၁

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ၊ ချောင်းခွကျေးရွာအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယမန်နေ့မေလ ၂၀ ရက် နံနက် ၉ နာရီ ၁၈ မိနစ်မှ ၂၂ မိနစ်အထိ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ ချောင်းခွ ကျေးရွာအနီးကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ၂ ကြိမ် ပျံဝဲပြီး ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

“ချောင်းခွကျေးရွာနားကို ကျဲသွားတာ၊ ကျဲသွားတာက ၂ လုံးပဲ၊ ချောင်းခွရွာ အနောက်မြောက်ဖက် တော်ဝင်ချောင်းဘေး၊ တောင်ဘက်တစ်လုံး၊ မြောက်ဘက်တစ်လုံး ချသွားတာ၊ အထိအခိုက်တော့ မရှိပါဘူး” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။

 

အလားတူ မေလ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ကလည်း ကျောက်ထုမြို့ အမြာက်တပ်က ကျောက် ထုကွင်း အနောက်ဘက်ရှိ အညာ ၅ ရွာဖြစ်သည့် ရဲရင့်ရွာ၊ ကံကြီးရွာ ၊ ပြင်လယ်ရွာ ၊ တောင့်ထက်ရွာနှင့် ရေရှင် ကျေးရွာတို့ဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက် ခိုက်နေ ခြင်းဖြစ်ပြီး  ပြည်သူထိခိုက်သေဆုံးမှုနှင့်နေအိမ်ပျက်စီးမှုအခြေအနေကို သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။

 

“ကျောက်ထုကွင်းအနောက်ဘက်မှာရှိတဲ့ ရွာ ၅ ရွာကို အညာ ၅ ရွာလို့ခေါ်တာပါ၊ ဒရုန်းနဲ့ချတာ ၂ ချက်၊ လက်နက်ကြီးနဲ့က ၆ ချက်လောက်ရှိသွားပြီ။ လက်တလောဖြစ်နေတုန်းမို့ ထိခိုက်မှု အခြေအ နေကတော့ မသိရသေးဘူး။ စစ်တပ် စစ်ကြောင်း ကံကြီးရွာကို ရောက်နေတယ်လို့ သတင်းကြားရ ပေမယ့် အတည်ပြုလို့တော့ မရသေးပါဘူး” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ပြောကြား သည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း အရပ်သားပြည်သူလူထုများနေထိုင်ရာ ကျေးရွာများ၊ ဆေးခန်း၊ စာသင် ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းများကို လေကြောင်း၊ လက်နက် ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု PDF တပ်ဖွဲ့ ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို အကြမ်းဖက်...