Poem

Poem

ကဗျာကဏ္ဍ “တပ်ကိုချစ်လျှင်အလင်းဝင်”

 

ပျိုးကြဲလက်

 

စိတ်စေရာ ကိုယ်လိုက်လို့

ဗိုလ်တသိုက် မိုက်ပြီ

ထိုအခိုက် ပွဲအလီလီ

နွှဲအတည် စစ်ရှုံး ။

 

လက်နက်နဲ့ ကျီစယ်ရင်

ရွှေပြည်ဝယ် ခတဲ့အမုန်း ။

 

အာဏာပြ ရမ်းကြရင်တကယ်

နန်းကျမယ် နောက်ဆုံး ။

 

နေဝင်ချိန် ဉာဏ်သုံးပေါ့

ရန်ထုံးဖွဲ့ ကင်းအောင် ။

 

လက်နက်ကို ချထားလို့

မယားဖို့ အလံဖြူထောင် ။

 

ရင်သွေးနဲ့ တူမောင်နှယ်

ယူဆောင်ကွယ် ငယ်သားတို့

ဖယ်ရှားစို့ အမိန့်ကို

ပြည့်ထံပါးခို ။

 

တပ်ပျက်က တအားပြိုတယ်

မယားကို ငဲ့ဦးကွယ့်လေး ။

တပ်သစ်နဲ့ စောင့်လို့ကြိုမယ်

အလင်းကို ဝင်လှည့်ကွယ့်လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက် ညနေ ၃ နာရီ ၃၅ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “ကျောင်းသားဒဿန”   ပျိုးကြဲလက်   အရုဏ်တက်စ ၊ ဆွမ်းခံကြွလျှင် ဆရာတော်မှာ ၊ ရှေ့ဆောင်ပါလျှက် သံဃာငယ်ကြီး ၊ ဂုဏ်ဝါမှီး၍ စည်းကမ်းကျန ၊ လိုက်ပါရသည် ။   ကပ္ပိယခေါ် ၊ ဦးသူတော်နှင့် ပျော်ပျော်ပါးပါး ၊ ကျောင်းတော်သားတို့...