YE U News

YE U News

ရေဦးမြို့အထွက်ရှိ ဂါဝီစစ်ဆေးရေးဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

 

D Day News

မေလ ၁

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက်ရှိ ဂါဝီစစ်ဆေးရေးဂိတ်ကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၁ ရက် နံနက် ၇ နာရီခန့်က ရေဦးမြို့အထွက်၌ တပ်ကြပ်စိုးမိုးအောင်အပါအဝင် အ ကြမ်းဖက်စစ်သား ၁၅ ဦးခန့်ဖြင့် ဆက်ကြေးကောက်နေသာ ဂါဝီဂိတ်ကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့ဝင် ရဲဘော်များက ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/UBPgukLsGiY

“ရေဦးမြို့အထွက်ဂိတ်ပဲ၊ ဒီပဲယင်းဘက်ကို ထွက်တဲ့ဂိတ်ပေါ့၊ ဒီအတိုင်းပဲ လက်နက်ကြီးနဲ့ ပစ်ပြီး ပြန် ဆုတ်ခဲ့တာ။ သူတို့ဘက်က ပြန်ပစ်တာတော့ မရှိပေမယ့် ကင်းရှည်ထွက်လာတာမျိုးတော့ တွေ့ရ တယ်။ ၃ ကောင်ကတော့ သေသွားတဲ့သဘောမျိုးရှိတယ်၊ ဘောဒီတွေကို တိုင်းရင်းဆေးရုံထဲကို ဆိုင် ကယ်နဲ့ သယ်သွားတာ၊ ကျန်တဲ့ ၄ ယောက်လည်း တိုင်းရင်းဆေးရုံထဲမှာပဲဆေးကုသနေတယ်လို့ သိရ တယ်။ ဒီတိုက်ခိုက်မှုကတော့ အလစ်အငိုက်ပြောက်ကျားဝင်တိုက်ခဲ့တာပါ” ဟု ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...