တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာတိုက်ပွဲမှထွက်ပြေးသည့် ခလရ ၁၀၃ တပ်ရင်းမှူးနှင့် ရဲ တပ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ တိုက်ပွဲအတွင်းမှ ထွက်ပြေးပြီး အလင်းဝင်လာသူအများအပြားရှိ
သံလွင်မြန်မာသတင်း
မေလ ၂၀
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာတိုက်ပွဲမှ ထွက်ပြေးသွားသည့် ခလရ ၁၀၃ မှ တပ်ရင်း မှူးနှင့် ရဲတပ်သား ၁ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်းနှင့်တိုက်ပွဲအတွင်းမှ ထွက်ပြေးပြီး အလင်း ဝင်လာသူ အများအပြားရှိကြောင်း မြိတ်ခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်သည်။
လွန်ခဲ့သော ၅ လခန့်စ၍ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင်လမ်းသို့ အင်အား ၃၀၀ ခန့်ဖြင့် ဝင် ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှ သိန်ခွန်းကျေး ရွာ အနီးတွင် ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့အချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကောင်စီတပ်အတွင်းမှ ထွက်ပြေး လာကာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသူများလည်း အများအပြားရှိကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ခလရ ၁၀၃ တပ်ရင်းမှူးသည် ရှေ့တန်းမှ ထွက်ပြေးသွားခဲ့ သဖြင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၁ မှ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အလားတူ ယခုလအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးကိုလည်း မြိတ် ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ မှ ပြည်ထောင်စုလမ်းမကြီးပေါ်၌ လုံခြုံရေး ဆောင်ရွက်နေစဉ် ဖမ်းဆီးရရှိခဲ့ကြောင်း အသိပေးထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များထံသို့ ဧပြီလ နှင့် မေလအတွင်း အလင်းဝင်ရောက်လာခဲ့သူ စစ်ကောင်စီတပ်သား ၁၄ ဦးရှိခဲ့ပြီး လက်နက်ဖြင့် အ လင်းဝင် ရောက်လာသူများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားသည်။
မေလ ၁၅ ရက်နေ့က ခမောက်ကြီးမြို့နယ်အခြေစိုက်၊ ခမရ ၄၃၁ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ချစ် ကို သည် MA-1 အမျိုးအစား မောင်းပြန် ၁ လက်၊ ၎င်းကျည် ၁၄၇ တောင့်၊၎င်းကျည်ဘောက် ၃ ခုနှင့် အတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ကြောင်း သိရ သည်။
အလင်းဝင်ရောက်ခဲ့သူ တပ်သား ချစ်ကိုသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အဓမ္မစစ်မှုထမ်းစေလွတ်ခံရသူဖြစ်ပြီး စစ်မှုထမ်းအပါတ်စဉ် ၈ ကို တက်ရောက်ခဲ့သူဖြစ်ကြောင်း သိရ သည်။
ထိုသို့ လက်နက်နှင့်တကွအလင်းဝင်ရောက်ခဲ့သူကို တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ ၃၅ နယ်မြေ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃ မှ တပ်ရင်းမှူး အယ်ကြီးက နွေးထွေးစွာကြိုဆိုလက်ခဲ့ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားကာ ဆုချီးမြှင့်ငွေပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြေင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် အချိန်မရွေးလာရောက်၍ ပြည်သူနှင့်အတူ ပူးပေါင်းကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများက ဖိတ်ခေါ်ထားသည်။
Thanlwin Myanmar Media