KIA News

KIA News

ဗန်းမော်မြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခံရသည့် ဗျူဟာမှူးအသစ်နှင့်အဖွဲ့ KIA တပ်ဖွဲ့က ပစ်ချခံ ရပြီး သေဆုံး၊ KIA က ပစ်ချမှုကြောင့် ရဟတ်ယာဉ် ၂ စီးပျက်စီး

သံလွင်မြန်မာသတင်း

မေလ ၂၀

 

ဗန်းမော်မြို့သို့ ဗျူဟာမှူးအချိန်းအပြောင်းပြုလုပ်ရန် ရဟတ်ယာဉ် ၃ စီးဖြင့်လာရောက်သည့် ဗျူဟာမှူးနှင့်အဖွဲ့ကို KIA က ပစ်ခတ်ချခဲ့ရာ ဗျူဟာမှူးနှင့်အဖွဲ့သေဆုံးသွားပြီဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော် စကခ ၂၁ သို့ ရဟတ်ယာဉ် ၃ စီးဖြင့် ဗျူဟာမှူး အချိန်း အပြောင်း ပြုလုပ်ရန် စစ်ကောင်စီက ပို့ဆောင်ခဲ့ရာ ယင်းရဟတ်ယာဉ် ၃ စီးကို KIA ပူးပေါင်းအဖွဲ့က ပိုင်ပိုင်နိုင်နိုင်ပစ်ချနိုင်ခဲ့ပြီး ရဟတ်ယာဉ် ၂ စီးပျက်ကျသွားကြောင်း၊ ထိုသို့ ပျက်ကျသွားသည့် ရဟတ် ယာဉ် ၂ စီးအနက် ဗျူဟာမှူးနှင့်အဖွဲ့စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ်မှာ ရွှေကူမြို့ ၊ ဧရာ၀တီ မြစ်အနောက်ဘက်အခြမ်း KIA တပ်ရင်း ၅ နယ်မြေရှိ တောထဲသို့ ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရ သည်။

 

“ဗျူဟာမှူး လာလဲတာ။ အဲဒီရဟတ်ယာဉ်က ပစ်လိုက်တာ ထိမှန်ပြီးတော့ ရွှေကူကနေ ဧရာ၀တီ မြစ်အနောက်ဘက် KIA တပ် ရင်း ၅ တောထဲမှာ ပျက်ကျတယ်။ အဲဒီနေရာကို KIA ကလူတွေ ရောက်နေပြီ။အဲဒီ ပျက်သွားတဲ့ ရဟတ်ယာဉ်မှာ ဗျူဟာမှူးပါတယ်။ အားလုံးသေတယ်။ ရွှေကူမှာ အရေးပေါ် ဆင်းတဲ့ရဟတ်ယာဉ်က ပန်ကာကျိုးသွားပြီ ဘေးစောင်းကြီးလဲနေတယ်” ဟု KIA ရှေ့ တန်း သတင်းရင်းမြစ်က ပြောဆိုသည်။

 

ရဟတ်ယာဉ်ပစ်ချခံရမှုတွင် လေယာဉ်ပေါ်ပါ စစ်ကောင်စီတပ်သားများအားလုံးသေဆုံးသွားပြီး လေယာဉ်လည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ဗန်းမော်မြို့သို့ လာရောက်သည့် ရဟတ်ယာဉ် ၃ စီးအနက် ကျန်တစ်စီးမှာ ရွှေဘိုမြို့နယ်အတွင်း၌ အရေးပေါ်ဆင်းသက်သွားကြောင်း၊ ပျက်ကျသွားသည့် ရဟတ်ယာဉ် အမျိုးအစားကို သိရှိရခြင်း မရှိ သေးကြောင်း သိရသည်။

 

ထိုသို့ ပစ်ချခံရချိန်တွင် လေယာဉ်ပေါ်ပါ စစ်ကောင်စီတပ်သားများက ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့သဖြင့် KIA ပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ထိခိုက်မှုရှိကြောင်း သိရသည်။

 

KIA တပ်ဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ် ခိုင်မြို့ နယ်၊ နမ့်ဖတ်ကာကျေးရွာ တိုက်ပွဲတွင် လာရောက်ဗုံးကြဲသည့် စစ်ကောင်စီ၏ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်ကို KIA က ပစ်ချခဲ့သေးသည်။

 

အလားတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေချိန် နဖော့တပ်စခန်းကို ရိက္ခာလာပို့သည့် ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကိုလည်း ပစ်ချခဲ့ရာ ဒေသအ ခေါ် နန်ပါခခူးတောင်အနီး တစ်ဝိုက်၌ ပျက်ကျခဲ့ဖူးသည်။

 

ထို့အပြင် ၂၀၂၁ ခုနှစ်၊ မေလကလည်း မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီးတွင် စစ်ကောင်စီ တပ်၏ Mi -35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ဖူးသည်။

Photo – ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ တိုက်ပွဲတွင် လာရောက်ဗုံးကြဲသည့် စစ်ကောင်စီ၏ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်ပစ်ချခံရပြီး ပျက်စီးသွားမှုကို တွေ့ရစဉ်

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ညောင်လေးပင်မြို့နယ်တွင် စစ်တပ်အရာရှိလိုက်ပါလာသော ကားကို တိုက်ခိုက်မှု အရာရှိအပါအဝင် ၅ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၀   ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်တွင် စစ်တပ်အရာရှိလိုက်ပါလာသော ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အရာရှိအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Fire Dragon...