TNLA News

TNLA News

နောင်ချိုမြို့နယ်၊ တောင်ကျကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၂၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ကျရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒေသနေ ပြည်သူ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

မေလ ၁၇ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ်တွင် ၂ ကြိမ် ၊ နံနက် ၁၀ နာရီ ၄၉ မိနစ်တွင် ၁ ကြိမ်၊ နံနက် ၁၁ နာရီတွင် ၂ ကြိမ် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ တအာင်းတပ်မတော် PSLF/ TNLA ထိန်းချုပ်ထား သည့် နောင်ချိုမြို့နယ်၊ တောင်ကျကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ကျဲ တိုက် ခိုက်ခဲ့ရာ ဒေသနေ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး ပစ်ခတ် ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ အပစ်ရပ်သက်တမ်း တိုးမြှင့်ထားမှုကို ယုံ ကြည်ခြင်းမရှိပဲ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ် ရေးသတိအမြဲရှိရန်လိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ညောင်လေးပင်မြို့နယ်တွင် စစ်တပ်အရာရှိလိုက်ပါလာသော ကားကို တိုက်ခိုက်မှု အရာရှိအပါအဝင် ၅ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၀   ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်တွင် စစ်တပ်အရာရှိလိုက်ပါလာသော ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အရာရှိအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Fire Dragon...