KNU News

KNU News

ဘီးလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် စာသင် ကျောင်း အဆောက်အအုံ ၃လုံး ဈေးဆိုင် ၂ ဆိုင်နှင့် နေအိမ် ၂ လုံးပျက်စီး

 

D Day News

ဧပြီလ ၃၀

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ဒူးသထူခရိုင်၊ ဘီးလင်းမြို့ နယ် အတွင်း၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်း ဖြင့် တိုက်ခိုက်မှုကြောင့် တဂေးလောင်းရွာရှိ အလယ်တန်း စာသင်ကျောင်းဆောင် အဆောက်ဦး ၃ လုံး၊ ဈေးဆိုင် ၂ ဆိုင်နှင့် အရပ်သားအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလ ၂၈ ရက် ည ၁၁ နာရီ ၃၁ မိနစ်မှ ၃၆ မိနစ်အထိ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာ အ တွင်းသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ ရာ တဂေးလောင်းရွာစာသင်ကျောင်းဝန်းထဲ လက်နက်ကြီး ၁ လုံးကျရောက်ပေါက်ကွဲပြီး ကျောင်း ဆောင်အဆောက်အဦး ၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် တဂေးလောင်းရွာအတွင်းရှိ ဓာတ်ဆီဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် နှင့် နေအိမ် ၂ လုံးလည်း လက်နက်ကြီးစ ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။

 

မကြာသေးမီကပင် တဂေးလောင်းရွာအနီးရှိ မင်းစောရွာအား အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ မင်းစောရွာစာသင်ကျောင်းနှင့် နေအိမ်ဆောက်ဦးများ ထိ ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ဒေသခံအရပ်သားလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည့်အပြင် စာသင် ကျောင်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...