Mying News

Mying News

မြိုင်မြို့နယ်၊ စက်မှု ၂ အနီး မုဒိမ်းကျင့်သတ်ဖြတ်ခံရသူမှာ သူနာပြုဆရာမ၏ မိခင်ဖြစ်ပြီး ပျောက်ဆုံး နေသည်မှာ ရက်ပိုင်းကြာနေပြီဟုဆို

 

D Day News

ဧပြီလ ၃၀

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီး အဓမ္မပြုကျင့်ခံရပြီး အဝတ်မပါပဲ စွန့်ပစ်ခံရသူ၏ ရုပ်အ လောင်းမှာ သူနာပြုဆရာမ၏ မိခင်ဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ ရက်ပိုင်းကြာမြင့်နေပြီဖြစ်ကြောင်း Ghost of Enemies – GOE Revolution Force ထံမှ သိရသည်။

 

ဧပြီလ ၂၇ ရက်နေ့က အကြမ်းဖက်စစ်သားများ တပ်စွဲနေထိုင်သည့် မြိုင်မြို့နယ်၊ စက်မှု ၂ အနီး၌ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း ဒေသနေပြည်သူများ၏ သတင်းပေးပို့ချက်အရ Ghost of Enemies – GOE Revolution Force တပ်ဖွဲ့တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ခန္ဓာကိုယ် ပေါ်တွင် အဝတ်အစားများမတွေ့ရပဲ အနီးအနားပတ်ဝန်းကျင်၌ အဝတ်အစားများ ပြန့်ကျဲလျက် တွေ့ရှိရကြောင်း၊ ထို့အပြင် ဆေးခန်းပြသည့် အိတ်တစ်လုံးတွေ့ရှိရပြီး ၎င်းအိတ်ထဲမှာ ဓာတ်ပုံများ၊ ဆေးခန်းစာရွက်မှတ်တမ်းစာရွက်များတွေ့ရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ပို့တင်ထားတဲ့ အမျိုးသမီးမဟုတ်ဘူး၊ သူ့အမေ သေတာ၊ အဆက်အသွယ်တွေရပြီ။ ပိုင် ရှင်တော့ ပေါ်သွားပြီ။ ကျောက်တိုင်ရွာက  မြိုင်နယ်ထဲကပဲ။ ဖမ်းခံရပြီးသတ်ခံရတာလား၊ ဘယ်လို ဖြစ်တာလဲ တော့မသိရသေးဘူး။ နာမည်က ဒေါ်ခင်ဝင်း အသက် ၅၀ ကျော်လောက်။ အလောင်း တွေ့တဲ့နေရာနဲ့ သူ့ရွာကျောက်တိုင်နဲ့ကတော့ မနီးဘူး။ သူက စိတ်သိပ်မမှန်ဘူးလို့ ပြောတယ်။ အဲဒါ ကြောင့် သူ့ဘာသာ လျှောက်သွားနေတာလို့  သူ့ရွာကလူတစ်ယောက်က ပြောပြတယ်။”ဟု Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသူမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ဝင်းဖြစ်ပြီး လွန်ခဲ့သော ရက်ပိုင်းက ပျောက်သွားဆုံး ခြင်းဖြစ်ကြောင်း၊ ၎င်းကိုင်ဆောင်သော ဆေးအိတ်သည် အမြဲတမ်းကိုင်ဆောင်ထားခြင်းဖြစ်ပြီး ယင်း ဆေးအိတ်ထဲတွင်သမီးဖြစ်သူ၏ ဓာတ်ပုံများကိုထည့်ကာ ယူဆောင်သွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရုပ်ပီပြင်မှုမရှိသည့် အလောင်းကို တွေ့ရှိချိန်တွင် သေဆုံးသူသည် ဓာတ်ပုံပိုင်ရှင်ဟု Ghost of Enemies – GOE Revolution Force က ယူဆထုတ်ပြန်ခဲ့ရာက သတင်းမီဒီယာများမှ တဆင့် မိသားစုဝင်များတွေ့ရှိပြီး အဆက်အသွယ်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ပျောက်သွားတာ ဘယ်နေ့ကလည်းတော့ မသိဘူး။လချီပြီးတော့ မကြာသေးဘူး၊ ရက်ပိုင်း လောက် ပဲ။ တွေ့တဲ့ ဆေးအိတ်လေးက အဲဒီအဖွားက ဘယ်သွားသွား ယူသွားနေကြလို့ သူတို့ရွာက လူတွေ က ပြောတယ်။ အဲဒီအိတ်ထဲမှာက ဓာတ်ပုံတွေပါတာပေါ့။ ဓာတ်ပုံအများစုက ဒီကောင်မလေး ပုံတွေ ဖြစ်နေတော့ သူဆိုပြီး ကျနော်တို့က တင်လိုက်မိတာ။ အဲလိုတင်လို့က်မိလို့လည်း အဆက်အသွယ် ရသွား တာပေါ့။ မိသားစုဝင်တွေက သူတို့ အမေပါ၊ အဖွားပါပြောလို့ ပြောတယ်။ မီးသင်္ဂြိုလ်တဲ့ ဓာတ် ပုံ ကတော့ စစ်ကြောင်းနဲ့လည်းနီးနေတော့ လောလောနဲ့ လုပ်ရတာမို့ မယူမိလိုက်ဘူးလို့ ပြောလိုက် တယ်။ သိမ်း ဆည်းထားတဲ့ ဓာတ်ပုံတွေ၊ ပစ္စည်းတွေလည်း ပေးတော့မပေးရသေးဘူး။ မိသားစုဝင် တွေ နဲ့ မတွေ့ရသေးဘူး။” ဟု Ghost of Enemies – GOE Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရှင်းပြသည်။

 

ပေါက်မြို့နယ်၊ ဖလံကိုင်းနယ်မြေရဲစခန်းမှ ဆုတ်ခွာလာသော အကြမ်းဖက်စစ်သား၊ ရဲများသည် ဝက် ပုတ်ပျူစောထီးကျေးနှင့် စက်မှု ၂ ဘက်တို့တွင် ရောက်ရှိနေပြီး အလောင်းစွန့်ပစ်ခံရသည့် နေရာ သည်လည်း အကြမ်းဖက်စစ်သားများတပ်စွဲထားရာ အနီးတွင်ဖြစ်ကြောင်း၊ ယမန်နေ့ ဧပြီလ ၂၉ ရက် နေ့က ဖလံကိုင်းနယ်မြေရဲစခန်းမှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကြောင်းမှာ ပြန်လည်ထွက် ခွာလျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...