Shan State News

Shan State News

ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ထိစပ်ကျေးရွာများသို့ ဝင်ရောက်လာသော စစ်ကြောင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး၊ PNO ပြည်သူ့စစ်တပ်မှူး ၁ ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အစပ်ရှိ ကျေးရွာများကို ဝင်ရောက် လာသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ၁ ဦး ၊ PNO ပြည်သူ့စစ် တပ်မှူး ၁ ဦးအပါအဝင် ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း PSP Drone Force (1006) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

မေလ ၆ ရက်နေ့မှစ၍ ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ် ထိစပ်ရာ လွယ်လုံ၊ စန့်စွဲ၊ စန့်လိတ် ကျေး ရွာတို့ဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၆၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ ဝင် ရောက်နေခြင်းဖြစ်ပြီး PNO ပြည်သူ့စစ်၏ ဦးဆောင်ညွှန်ကြား(လမ်းပြ)မှုဖြင့် ချီတက်လာနေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်သား၊ PNO ပြည်သူ့စစ်ပူးပေကြာင်း စစ်ကြောင်းကို PSP Drone Force (1006) နှင့် Falcon Wings ပူးပေါင်းဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း ကာ ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး ၁ ဦး နှင့် PNO ပြည် သူ့ စစ်မှ ဦးဆောင်ညွှန်ကြားသူ တပ်မှူး ၁ ဦး အပါအဝင် ၅ ဦး သေဆုံးပြီး စုစုပေါင်း ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အစပ်ဒေသတွင် စစ်ရေးအခြေနေတင်းမာလျက်ရှိပြီး စစ် ကောင်စီတပ်မှ ပြည်သူများအားမတရားဖမ်းဆီး၍ စေခိုင်းခြင်း နှင့် ပြည်သူနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပခုက္ကူတပ်မ ၁၀၁ မှ မြိုင်နှင့်ပေါက်မြို့နယ်တို့အတွင်းသို့ ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀၀ ကျော်သေဆုံး၊ အလင်းဝင် စစ်သား ၁၀၀ ကျော်က စစ်ကောင်စီကို ပြန်တိုက်မည်

ပခုက္ကူတပ်မ ၁၀၁ မှ မြိုင်နှင့်ပေါက်မြို့နယ်တို့အတွင်းသို့ ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀၀ ကျော်သေဆုံး၊ အလင်းဝင် စစ်သား ၁၀၀ ကျော်က စစ်ကောင်စီကို ပြန်တိုက်မည်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၆ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အတွင်း ချီတက်နေသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀၀ ခန့်သေဆုံးပြီး အလင်းဝင် စစ်သား ၁၀၀ ကျော် က စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင်ပကဖ က ထုတ်ပြန်သည်။ မေလ...