ပဲခူးမြို့နယ်၊ ဇီးတောရွာရှိ စစ်ကောင်စီ ကာကင်းစခန်းကို သိမ်းပိုက်မှု၊ လက်နက် ၁၄ လက်နှင့်ခဲယမ်း များသိမ်းဆည်းရရှိ၊ စခန်းကို ရှင်းလင်းဖျက်ဆီး
သံလွင်မြန်မာသတင်း
မေလ ၁၉
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ၁၄ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မေလ ၁၈ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အသုံးပြုသည့် G-4 အမျိုးအစား သေနတ် ၂ လက်၊ G-3 အမျိုးအစားသေနတ် ၂ လက်၊ G-2 အမျိုးအစားသေနတ် ၁ လက်၊ M-1 အမျိုးအစား ကာဘိုင် သေနတ် ၉ လက်၊ ခဲယမ်းများနှင့် ဆက်စပ်စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
စခန်းသိမ်းပိုက်ရှင်းလင်းပြီးနောက် ယင်းအကြမ်းဖက်စစ်တပ်ကာစခန်းကို ရှင်းလင်းဖျက်ဆီးခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး) ၊ အမှတ် ၃၇၀၁ တပ်ရင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media