Karen State News

Karen State News

သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ တိုက်ခိုက်ရေးသင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက် ဒုံးဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ်ကောင်စီ၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) အား ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၁၉ ရက် နံနက် ၇ နာရီ ၂၀ မိနစ်က သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ် ကောင်စီ၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) အတွင်းသို့ ၁ဝ၇ မမ ရှော့ တိုက်ဒုံး ၅ လုံး ဖြင့်ပစ်ခတ်ရာ ၄ လုံးကို အောင်မြင်စွာပစ်ခတ် တိုက်ခိုက် နိုင်ခဲ့ပြီးအကြမ်းဖက်စစ် သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်ဖွဲ့အသီးသီးကို အမိန့်ပေးကွပ်ကဲနေတဲ့ အရာရှိတွေကို တစုတစည်းတည်းသင် တန်းပေးနေတဲ့ကျောင်းဖြစ်လို့ စစ်ကောင်စီယန္တရားအတွက် အလွန်အရေးပါတဲ့နေရာဖြစ်ပါတယ်။ စစ်ကောင်စီယန္တရားကိုဖြိုလှဲဖို့ အဓိကအရေးပါတဲ့ ပစ်မှတ်ဖြစ်နေတာကြောင့်ရယ် စစ်ကောင်စီတပ် ဖွဲ့တွေအနေနဲ့လည်းအမြဲတမ်းစိတ်မလုံခြုံမှုရှိနေစေဖို့ရယ် ရည်ရွယ်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ Mountain Knight Civilian Defense Forces (MKCDF) KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ရှုံးကောင်စီ၏ တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) သည် အောက်မြန်မာ ပြည်ရှိ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဦးဆောင်နေကြသော အရာရှိများအတွက် တပ်စုမှူး၊ တပ်ခွဲ မှူးနှင့် တပ်ရင်းမှူးသင်တန်းများ ပေး၍ တိုက်ခိုက်ရေး ပညာကို အဓိကသင်ကြား ပေးနေသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်ပြီး စစ်ရှုံးကောင်စီ ၏ ဩဇာခံ၍ ပြည်သူလူထုကို နည်းမျိုးစုံ ဖြင့် နှိပ်စက်ရန် စစ်ကောင်စီယန္တရားအား အမိန့်ပေးကွပ်ကဲနေသော စစ်ကောင်စီ အရာရှိများ ကို ပြည်သူ့ကိုယ်စား တန်ပြန် တိုက်ခိုက်ရန်ရည်ရွယ်၍ BWM နှင့် မဟာမိတ်များက BWM Mission 38 ကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ထိစပ်ကျေးရွာများသို့ ဝင်ရောက်လာသော စစ်ကြောင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး၊ PNO ပြည်သူ့စစ်တပ်မှူး ၁ ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၉   ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်နှင့်...