Yangon News

Yangon News

ရန်ကုန်မြို့၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ယနေ့မေလ ၁၉ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်က စမ်းချောင်းမြို့နယ်၊ တောင်ရပ်ကွက်ရှိ အုပ်ချုပ် ရေးမှူးရုံးကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးပျက်စီးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများနှင့်ပတ်သက်ဆက်နွယ်နေသူများ၊ ပျူစောထီးများကို နောက် ဆုံးအကြိမ်အနေဖြင့် သတိပေးတိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို THE BLOODLINE နှင့် YANGON ARMY (YA) အဖွဲ့ တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအုပ်ချုပ်ရေးမှူးရုံးသည် စစ်ကောင်၏ ဒေါက်တိုင်များဖြစ်ကြသော စစ်ကောင်စီတပ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများစုဝေးရာ နေရာဖြစ်ပြီး ပြည်သူများ အပေါ် အနိုင်ကျင့် ဗိုလ်ကျ နေသော ကြံ့ဖွတ်ရုံးလည်း ဖြစ်ကြောင်း သိရသည်။

 

နောက်နောင်တွင်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများနှင့်ပတ်သက်ပါက သင်တို့၏ အသက်အား လုံးဝ အာမခံမည်မဟုတ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

 

THE BLOODLINE နှင့် YANGON ARMY (YA)မဟာမိတ်ညီနောင်တို့ သည် စစ်ကောင်စီ၏ ထောက် တိုင် မှန်သမျှကို ဆက်လက် ဖြိုဖျက်တိုက်ခိုက် သွားမည်ဖြစ်ပါသောကြောင့် မိဘပြည်သူများ အနေ ဖြင့် စစ်သား ၊ ရဲများ နေထိုင်ရာနေရာများသို့ သွားလာနေထိုင်ခြင်းအား အထူးရှောင်ရှားကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ကျေးရွာကြား အများပြည်သူသွားလာသည့်လမ်း ပေါ်တွင် စစ်တပ်စစ်ကြောင်း မိုင်းအလုံး ၇၀ ခန့်ထောင်ထားပြီး ၂၃ လုံးကို ရှင်းလင်းသိမ်းဆည်း   သံလွင်မြန်မာသတင်း မေလ ၁၉   ပဲခူးတိုင်း၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်း၊ ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ကျေးရွာကြား အများ ပြည်သူအသုံးပြုသွားလာသည့် လမ်းပေါ်တွင်...