Sagaing News

Sagaing News

ဆားလင်းကြီးမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် ကင်းပတ်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား များ ထိခိုက်သေဆုံးမှုရှိကြောင်း Solo Aung Gyi (Salingyi) တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်က ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းမှ စစ်ကောင် စီတပ်သား ၃၀ ခန့်သည် မြို့တွင်းသို့ ကင်းပတ်ရန် ထွက်လာပြီး ဆားကြီးမြို့၊ ကျောင်းကုန်းရပ်ကွက် အတွင်းပ ကင်းပုန်းဝပ်နေရာယူနေစဉ် လက်နက်ငယ်များ၊ MA 15 7.62 mm စက်လတ် တို့ဖြင့် စောင့် ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ထိုသို့ အပြန်အလှန် ပစ်ခတ်တိုက်အတွင်း စစ်ကောင်စီတပ်က ထပ်မံအင်အားဖြည့်တင်လာသဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို SOLO AUNG GYI (Salingyi) ၊ ချင်းတွင်းဒိုင်းနမိုက် (Salingyi)နှင့် တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) တို့ ပူးပေါင်းကာ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီတပ်အတွင်းရှိ သန္ဓေစစ်သားများက မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားသုံးစွဲပြီး စစ်မှုထမ်းတပ်သားများကို ပစ်သတ်ဖို့လုပ်၊ ရှေ့တန်းစစ်မြေပြင်တွင် စစ်မှုထမ်းတပ်သားများကို သန္ဓေစစ်သားများ လူသားဒိုင်းကာ အဖြစ် အသုံးချနေ (ရုပ်သံ)

စစ်ကောင်စီတပ်အတွင်းရှိ သန္ဓေစစ်သားများက မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားသုံးစွဲပြီး စစ်မှုထမ်းတပ်သားများကို ပစ်သတ်ဖို့လုပ်၊ ရှေ့တန်းစစ်မြေပြင်တွင် စစ်မှုထမ်းတပ်သားများကို သန္ဓေစစ်သားများ လူသားဒိုင်းကာ အဖြစ် အသုံးချနေ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၄ စစ်ကောင်စီတပ်အတွင်းရှိ သန္ဓေစစ်သားများက မူးယစ်ဆေးဝါး၊ အရက်သောက်စားသုံးစွဲကာ စစ်မှု ထမ်းတပ်သားများကို ပစ်သတ်ဖို့အထိလုပ်ဆောင်နေကြောင်းနှင့် ရှေ့တန်းတိုက်ပွဲများတွင်လည်း လူ သားဒိုင်းကာအဖြစ် သုံးချနေကြောင်း အလင်းဝင်စစ်မှုထမ်းတပ်သား ကိုကျော်မင်းခိုင်က ပြောကြား သည်။ ဩဂုတ်လ ၁၂ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ ခလရ ၆၀ တပ်ရင်း...