Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ဆိုင်ကယ်ဖြင့်သွားလာနေသည့် ဒုရုဲအုပ်တစ်ဦးနှင့် ရဲတပ်သား တစ်ဦးကို ပစ်ခတ်တိုက် ခိုက်မှု ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သား တစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

 

မေလ ၁၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်က ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်သိပ္ပံတက္ကသိုလ်၌ အ ထိုင်ချတပ်ဆွဲ ထားသော စစ်သား၊ ရဲ ပျူစောထီးများအနက် ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သား တစ်ဦး သည် ပန်းရံပျူစောထီးကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ဆိုင်ကယ်ဖြင့်ထွက်လာသည့် ရဲ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက် ခိုက်ခဲ့ရာ​ နှစ်ဦးလုံး သေဆုံးသွားပြီး ၎င်းတို့ ကိုင်ဆောင်သာ ၃၅ ဗို့ ခြောက်လုံးပြူး သေနတ် ၁ လက်၊ G-3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းနှင့် နယ်မြေခံပကဖ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ထိစပ်ကျေးရွာများသို့ ဝင်ရောက်လာသော စစ်ကြောင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး၊ PNO ပြည်သူ့စစ်တပ်မှူး ၁ ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၉   ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်နှင့်...