TNLA News

TNLA News

နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့တို့တွင် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီး၊ လားရှိုး၊ မူဆယ်၊ကျောက်မဲနှင့်နောင် ချိုမြို့နယ်တို့တွင် စစ်အင်အားဖြည့်တင်းနေ

 

D Day News

ဧပြီလ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဧပြီလ ၂၇ ရက်နေ့က ၃ ကြိမ်၊ ဧပြီလ ၂၈ ရက်နေ့က ၃ ကြိမ် နောင်ချိုမြို့နယ်၊ အုမ္မတီးရွာနှင့် တန်ဘို ကျေး ရွာ၌ တပ်စွဲ နေထိုင်သည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုနေထိုင်ရာ သုံးဆယ် ကျေးရွာအတွင်းသို့ ဦးတည်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ဖြင့် အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦး မျက်နှာနှင့် လက်တို့တွင် ထိမှန်ဒဏ်ရာ ရရှိပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြိုနယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေယာဥ်အသုံးပြု ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒေသခံပြည်သူလူထုများအပေါ် မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်လျက်ရှိကြောင်း TNLA က အသိပေးထားသည်။

 

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက် နှင့် ၂၀ ရက်နေ့ တို့တွင် အကြမ်းဖက်စစ်ကောင်တပ်မှ မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာကို Jet Fighter လေယာဥ်ဖြင့် ၄ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

ထိုပြင် လားရှိုး၊ မူဆယ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ စစ်လက်နက် အသုံး အဆောင် ပစ္စည်းများနှင့် ၎င်းတို့လူအင်အား အများအပြားဖြည့်တင်းနေပြီး သွားလာသည့် ဒေသနေပြည်သူများကိုလည်း စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေကြောင်း TNLA သတင်းနှင့်ပြန် ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...