Kachin State News

Kachin State News

ဖားကန့် -နန့်ယား-ကာမိုင်းလမ်းပိုင်း တံတားညီနောင်အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား အများအပြားသေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

ကချင်ပြည်နယ်၊ ဖားကန့် -နန့်ယား -ကာမိုင်းလမ်းပိုင်း တံတားညီနောင်အနီးတွင် တိုက်ပွဲပြင်းထန် နေပြီး စစ်သားအများအပြားသေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ မေလ ၁၈ ရက် နံနက်ပိုင်းက ဖားကန့်မြို့နယ်ဘက်သို့ ကာမိုင်း -နန့်ယား -ဖားကန့် လမ်းပိုင်း အတိုင်း အင်အား ၆၀၀ ခန့်ပါ စစ်သား၊ ပြည်သူ့စစ်များပါဝင်သည့် စစ်ကောင်စီစစ် ကြောင်းသည် တံတား ညီနောင်အထိရောက်ရှိလာပြီး လမ်းကြောင်း တလျှောက် KIA ၊ KPDF တပ်ဖွဲ့ဝင်များ ပိတ် ဆို့ တိုက်ခိုက်လျက်ရှိရာ စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများ လည်း သိမ်းဆည်း ရရှိထားကြောင်း သိရသည်။

 

“ဒီမနက်ဆိုရင်လည်း တံတားညီနောင်တဝိုက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်၊ စစ် ကောင် စီစစ်ကြောင်းက တစ်ရက်ကို နည်းနည်းချင်း ရှေ့တိုးလာတာ၊ တစ်လ အတွင်းမှာ တံတား ညီနောင် အထိရောက်လာတာပေါ့၊ သူတို့က အထိအခိုက်သေဆုံးတာတွေ၊ လက်တွေ လက်နက်တွေ သိမ်း ဆည်း ရရှိတာ အမြောက်အများရှိတယ်၊ လမ်းတလျှောက်မှာလည်း စစ်ခွေးတွေအများကြီး သေကြ တယ်၊” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

ဖားကန်မြို့နှင့် ဖားကန့် -နန့်ယား -ကာမိုင်းလမ်းပိုင်း၊ အင်းတော်ကြီး – ဝှေခါ – ဖားကန့်လမ်းကြောင်း များကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီတပ်က ဝေဟင်၊ မြေပြင်အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်သားအင်အား ၆၀၀ ခန့်၊ တင့်ကား ၂ စီး၊ ဒရုန်းများ အသုံးပြုကာ တဖြည်းဖြည်းချင်းချီတက်လာနေခြင်းဖြစ်ကြောင်း သိရသည်။

 

“KIA ၊ KPDF တွေ နယ်မြေစိုးမိုးထိန်းချုပ်ထားတဲ့ ကာမိုင်း-နန့်ယားကားလမ်းပိုင်းကို သူတို့က ပြန်လည် ထိန်းချုပ်ချင်တာကြောင့် အဓိကစစ်ကြောင်းထိုးလာတာပေါ့၊ ပြီးရင် KIA ၊ KPDF တို့ ထိန်း ချုပ်ထားတဲ့ ဖားကန့်မြို့ကိုလည်း ပြန်လည်ထိန်းချုပ်ချင်တာ၊ ဖားကန့်မြို့မှာဆိုရင် KIA ၊ KPDF က နယ်မြေအများစုထိန်းချုပ်ထားတာပေါ့၊ မြို့ကို တော့မသိမ်းသေး ဘူး။ ဒါပေမယ့် နယ်မြေတွေ အများစုကို KIA ၊ KPDF တွေကထိန်းချုပ်ထားတာ၊ အဲဒါကြောင့် စစ် ကောင်စီက နယ်မြေစိုးမိုးမှု ပြန်လုပ်ချင်လို့ စစ်ကြောင်းထိုးလာတာ၊ တိုက်ပွဲတွေက တောက်လျှောက် ဖြစ်နေတယ်၊ ဒီဘက် တကြောမှာ။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ဆိုင်ကယ်ဖြင့်သွားလာနေသည့် ဒုရုဲအုပ်တစ်ဦးနှင့် ရဲတပ်သား တစ်ဦးကို ပစ်ခတ်တိုက် ခိုက်မှု ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၁၉   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သား...