Poem

Poem

ကဗျာကဏ္ဍ “ဆင်ကန်း”

 

ပျိုးကြဲလက်

 

ပြည်သူမှာ ရန်စလို့

ပြန်ချတဲ့ သူပါ

ဆန္ဒပြ တော်လှန်ရာမှာ

ပျော်စံရာ မဲ့ငြား ။

 

ပြည့်ရလဒ် မြင်ပြန်ရင်

အင်မတန် ကြီးကျယ်ခမ်းနား ။

 

တော်လှန်အား တိုးလာလေ

အကျိုးမှာ ရှိသား ။

 

ပူးပေါင်းရင် စံစားပေါ့

ရန်အားလည်း နည်းမှာ ။

 

ကွက်ပြည့်ကို နင်းထားလို့

မင်းသားကွယ့် မဟာဗျူဟာ ။

 

သူပုန်က မြင်သာတယ်

အစဉ်လာ ခံပြေးပေါ့

ရန်တွေးလို့ ပြန်တိုက်လို

မုန့်ဟင်းခါးဆို ။

 

ကျွန်ဘဝ နေညိုညိုလျှင်

အမှန်ကို မြင်ကြကွယ့်လေး ။

 

ထိုးစစ်ကြီး စပြီဆိုရင်

အမှောင်ကို ဝင်ရငဲ့လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၉ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ဒီခေတ်ရှား   သို့/   မယဥ်ချောမေ   အစစအရာရာ အဆင်ပြေပါရဲ့လားဆိုပြီး အစချီမနေတော့ပါဘူး သေနတ်သံ၊ ဗုံးသံတွေရှိတဲ့အရပ်ကနေ မီးပျက်တဲ့အရပ်ကို လွမ်းရတာလည်း ခေတ်ကြီးက မှောင်လိုက်တာဗျာ။   ကျနော်ရောက်နေတဲ့ ဒေသမှာတော့ အရပ် ၈ မျက်နှာ ဘုရားတွေများလွန်းလို့ ညညဆို ဘယ်အရပ်ကို ခြေဆင်းအိပ်ရမယ်တောင်...