Sagaing News

Sagaing News

ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ တန်းနှင့် ၁၂ တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၈

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၆ တန်းနှင့် ၁၂ ကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယနေ့မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်က ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း နေရာ ၃ ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ၆ တန်းကျောင်းသား မောင်ဖုန်းမင်းသန့်၊ ၁၂ တန်းကျောင်းသူ မကြယ်ဇင် ဦးနှင့် ဒေါ်မရီတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် မသင်းမြတ်သူမှာလည်း ဆေးရုံ၌ ထပ်မံ သေ ဆုံးသွားသဖြင့် စုစုပေါင်းသေဆုံး ၄ ဦးရှိကြောင်း သိရသည်။

“ဒီနေ့ ၁၂ နာရီ ၄၅ မိနစ်က နွယ်အင်းကျေးရွာ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း နေရာ ၃ ခုကို ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၃ လုံး ကျဲချသွားတာ၊ ၃ ဦးချက်ချင်းသေတယ်၊ ၁ ဦးက ဆေးရုံမှာသေတယ်၊ အသက် ၂ နှစ်အရွယ်ကလေး တစ်ဦး လက်ဖြတ်ရတယ်၊ အရေးပေါ်ဆေးကုသနေပေးရသူ ၄ ဦးရှိပါ တယ်၊ ဘာတိုက်ပွဲမှမရှိပဲနဲ့ ဗုံးကျဲသွားတာပါ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူ ၆ ဦးရှိပြီး မောင်ဝေရန်စိုး ၊ မဆွေမာဝင်း ၊ မဖြူဖြူလုံးနှင့် ၃ နှစ်အရွယ်ကလေးတစ်ဦးတို့မှာ စိုးရိမ်ရကြောင်း၊ ကိုဖိုးတုပ် ၊ ကိုလင်းစိန်တို့မှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့၌ တာဝန်ကျနေသော စစ်မှု ထမ်း တပ်သား ၈ ဦး အလင်းဝင်

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့၌ တာဝန်ကျနေသော စစ်မှု ထမ်း တပ်သား ၈ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၄ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့တွင် တာဝန်ကျ နေသော စစ်မှုထမ်းတပ်သား ၈ ဦး အလင်းအလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း - P23702 ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့က ကျောက်ကြီးမြို့နယ်၊...