Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်တွင်စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်းသေဆုံး ၄၀ ကျော် အပြင်းအထန်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၁၈

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး ၄၀ ဦးကျော်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Launglone Peninsula Force – L P F ထံမှ သိရသည်။

 

ဧပြီ ၂၈ ရက်နေ့မှ စတင်၍ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသသို့ အင်အား ၂၀၀ ကျော်ဖြင့် ဝင် ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ပိတ်ဆို့၍ လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ မေလ ၂ ရက်နေ့တွင် သရက်ငုတ်ရွာနှင့် ရမ္မဇူကျေးရွာ အကြား၌ ပထမ အကြိမ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

အလားတူ မေလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဘဝပင်ကျေးရွာ တာဝါတိုင်အနီး၌ ဒုတိယ အကြိမ် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ မေလ ၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့် မှ ၅ နာရီ ၃၅ မိနစ်ခန့်အထိ တတိယအကြိမ် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် မေ ၁၀ ရက်နေ့ နံနက် ၇ နာရီမှ နံနက် ၈ နာရီအထိ ဘဝပင်ကျေးရွာ တာဝါတိုင်အနီး၌ စတုတ္ထအကြိမ် ထိတွေ့တိုက်ပွဲအပြင်းအထန်ထပ်ဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထိတွေ့တိုက်ပွဲ ၄ ကြိမ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦးထက်မနည်း​သေဆုံးခဲ့ပြီး စစ် သား ၄၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကာ စိုးရိမ်ရသော ထိခိုက်ဒဏ်ရာ ရရှိသူ ၁ ဦးနှင့် မစိုးရိမ်ရသော ဒဏ်ရာ ၄ ဦးတို့ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေါနချေမှုန်းရေးတပ်ခွဲ ၇ Launglone Peninsula Force-LPF ၊ ထားဝယ် အ ရှေ့ တောဒေသရှိတော်လှန်ရေးအင်အားစုများဖြစ်ကြသော ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း T5 ၊ DGRF ၊ DNLA ၊ DEF ၊ ဧဒင်မှူး ၊ EDF၊ က္လားသစ်နတ်၊ ဘီလုံးပြောက်ကျား နှင့် KNU တပ်မဟာ ၄ တပ် ရင်း ၁၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ...