Mandalay News

Mandalay News

စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်လေကြာင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အဆောက်အအုံ ၂ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၁၈

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံ ၂ လုံးပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယနေ့မေလ ၁၈ ရက် နံနက် ၅ နာရီ ၁၅ မိနစ်က စဉ့်ကူးမြို့နယ်၊ မြောက်ဘက် သီလရွာကြားကို အ ကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၃၀၀ ဗုံး သီး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့ မေလ ၁၇ ရက် နံနက် ၇ နာရီ ၅၈ မိနစ်ကလည်း စဉ့်ကူးမြို့နယ်၊ စိုက်ကွင်း ကျေးရွာ၊ ပြည့်ဝထွန်း ဆီပန့်ဆိုင်ရှေ့တစ်ကြိမ်၊ စိုက်ကွင်းကျေးရွာအတွင်း တစ်ကြိမ်နှင့် စက်ကြီး တွင်းနေရာကို တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက် တာတစ်စီးဖြင့် ပေါင် ၃၀၀ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုမရှိပဲ အဆောက်အအုံ ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း အရပ်သားပြည်သူလူထုများနေထိုင်ရာကျေးရွာများ၊ ဈေးများ၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘသာရေးအဆောက်အအုံများကို ပစ်မှတ်ထားကာ နေ့စဉ်တိုက်ခိုက်နေမှုများ ကြောင့် ပြည်သူရာချီသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ အိုးအိမ်အဆောက်အအုံများစွာ ပျက်စီး ဆုံးရှုံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်ခံရမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် လေကြောင်းဆိုင်ရာ သတိပေးချက်များလိုက်နာပြီး အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းများတူးထားကြရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်တိုက်တွန်းထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ တန်းနှင့် ၁၂ တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ...