ကမ္မမြို့ပေါ်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးခန်းပျက်စီး
သံလွင်မြန်မာသတင်း
မေလ ၁၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးခန်းပျက်စီးသွားကြောင်း ဆိတ်ဖြူတကိုယ်တော်ကျားဇိုးက ပြောကြားသည်။
ယနေ့မေလ ၁၈ ရက် နံနက် ၆ နာရီ ၁၇ မိနစ်က ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက်၊ ဂျိုးပျံရပ် ကွက်အတွင်းဖွင့်လှစ်ထားသော ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှတက် လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးသီး ၂ လုံး ကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိ ပြီးဆေးခန်းပျက်စီးသွားကာ ဆေးခန်းအနီးရှိ ထန်းပင်ပါ ပြတ်ကျပျက်စီးခဲ့ကြောင်း သိရသည်။
“ဆေးခန်းက ပိတ်ထားတာကြာပြီ။ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေကို လေကြောင်းကနေ ပစ် မှတ်ထားတိုက်ခိုက်နေတဲ့အတွက် ဆေးခန်းမဖွင့်ပဲထားတာ။ ဆေးခန်းက နှစ်ဆောင်တွဲပေါ့၊ အဲဒီဆေး ခန်းလည်းပျက်စီးသွားတယ်။ ဆေးခန်းအနီးမှာရှိတဲ့ ထန်းပင်လည်း ပြတ်ထွက်သွားတာ၊ အမျိုးသမီး သား ၁ ဦးကတော့ ဦးခေါင်းပေါက်သွားတယ်လို့သိရတယ်။ ကျန်တဲ့တစ်ယောက်အခြေအနေကတော့ မသိခဲ့ရဘူး” ဟု ဆိပ်ဖြူတကိုယ်တော် ကျားဇိုးက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီသည် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း အရပ်သားပြည်သူလူထုများနေထိုင်ရာကျေးရွာများ၊ ဈေးများ၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘသာရေးအဆောက်အအုံများကို ပစ်မှတ်ထားကာ နေ့စဉ်တိုက်ခိုက်နေမှုများ ကြောင့် ပြည်သူရာချီသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ အိုးအိမ်အဆောက်အအုံများစွာ ပျက်စီး ဆုံးရှုံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media