Magway News

Magway News

ပခုက္ကူမြို့၊ စက်မှုန်ဇုန် ၆ လမ်းရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၃ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၈

 

မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်းရှိ စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ စောထီး ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan Balck Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၅ ရက် ညနေ ၃ နာရီ ၂၀ မိနစ်က ပခုက္ကူမြို့နယ် စက်မှုဇုန် ၆ လမ်းရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာခဲ့ပြီး စစ်သား၊ ပျူစောထီး ၃ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ အထိအခိုက်အများပြားနေသည့် စစ်တပ် စခန်းကို အပြီးသတ် သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း စစ်ကူစစ်ကြောင်းများ ရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အဲဒီမှာ ၆ ယောက်ပဲရှိတယ်ဆိုပြီး သတင်းရသွားတိုက်လိုက်တာ၊ ရောက်သွားတော့ အယောက်အ စိပ်လောက်ဖြစ်နေတော့ ပွဲကနည်းနည်းကြာသွားတာပေါ့၊ ဒါပေမယ့်အဲဒါလည်းသိမ်းနိုင်တော့မှာ စစ် ကူရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာပါ၊ ပြည်သူတွေအနေနဲ့ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အား တင်းထားပါ၊ စိတ်ဓာတ်မကျကြပါနဲ့ ဘယ်လိုအခက်အခဲပဲရှိရှိ MBT တပ်ဖွဲ့က ပြည်သူတွေရှေ့ကနေ အမြဲရှိနေမှာပါလို့ ပြောချင်ပါတယ်” ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ် မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့၊ နဂါးမင်း (PDF)အဖွဲ့နှင့် တော်လှန် ရေး (ပခုက္ကူ)တပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တလုပ်မြို့တိုက်ပွဲအတွင်း TNLA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦး သေ ဆုံး၊ အထိနာသော စစ်တပ်ဘက်က လေကြောင်း၊ ဟောင် ဝှစ်ဇာလက်နက်ကြီး များဖြင့် အပြင်း အထန်ခုခံမှုကြောင့် ပြန်ဆုတ်ခဲ့ရ   သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၃   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊...