KNU News

KNU News

ကျိုက်ထိုမြို့နယ်နှင့်ရွှေကျင်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက် ခိုက်မှုကြောင့် ပြည်သူ ၃ ထောင်နီးပါး ထွက်ပြေးနေရ

 

သံလွင်မြန်မာသတင်း

မေလ ၁၈

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူလူထုနေ ထိုင်ရာ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ထောင်နီးပါး ဘေးလွတ်ရာထွက်ပြေးနေ ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

မေလ ၁၄ ရက် နံနက် ၈ နာရီ ၂၀ မိနစ်မှ ၁၁ နာရီ ၃၅ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင် စီ အမှတ် ၃၁၀ တပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများထဲ သို့ လက်နက်ကြီး ၇ လုံး၊ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ဆင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ၁၂၂ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီ ၅၂ မိနစ်တွင် ရျွှေကျင်မြို့နယ်၊ KNU တပ်မဟာ ၃ နယ်မြေအတွင်းသို့ စစ် ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဥ်ဖြင့် ဗုံးသီး ၂ လုံး၊ မွန်းတည့် ၁၂ နာရီ ၃ မိနစ်တွင် ကျိုက်ထို မြို့နယ်၊ ကျေက်ဖျာကျေးရွာ အတွင်းသို့ ဗုံးသီး ၁ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မေလ ၁၃ ရက်နေ့ ည ၉ နာရီ ၁၂ မိနစ်အချိန်၌လည်း တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အကြမ်းဖက် စစ်တပ် အမှတ် ၃၂၀ အမြောက်တပ်စခန်းမှ ၁၂၂ မမ လက်နက်ကြီး ၃ လုံးကို ရမ်းသမ်းပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီက ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ် မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ် အတွင်းနေပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက် ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသောကြောင့် ဝင်းကံ ကျေးနယ်အတွင်းရှိ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစုနှင့် အညာစု ကျေးရွာတို့မှ စုပေါင်း အိမ် ခြေ- ၆၅၄ အိမ်ရှိ ပြည်သူအမျိုးသား ၁၂၈၃ ဦး၊ အမျိုးသမီး ၁၄၃၈ ဦး စုပေါင်း လူဦးရေ ၂၇၂၁ ဦး တို့ မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

 

ထို့သို့ အသက်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများမှာ နေရာထိုင်ခင်း၊ စား နပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်း KNU ဗဟိုကအသိပေးထုတ် ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်လေကြာင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အဆောက်အအုံ ၂ လုံးပျက်စီး   သံလွင်မြန်မာသတင်း မေလ ၁၈   မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံ ၂ လုံးပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့...