Poem

Poem

ဖရဲခင်းက သမီးဇာနည်

 

ပျိုးကြဲလက်

 

နန်းမြေမှာ ပန်းကြွေကျသမို့

နွမ်းခွေရ ဖြစ်ပုံ ။

 

အာဏာ့ရှင် ကျွန်ဖြစ်က

နွံနစ်ရတုံ ။

 

ရှေ့ဆက်ဖို့ မလုံခြုံ

အဘယ်ပုံ နေထိုင်ရင်း ။

 

နန်းမြေမှာ ပန်းကြွေဘဝရယ်

မွှေးရနံ့သင်း ။

 

ကျွန်ခံရာ လူရည်သန့်မို့

ကျွန်ညီနံ့ နံသလေ ။

 

တော်လှန်ရာ ကိုယ်စီထလို့

ကူညီကြစေ ။

 

တပ်ရဲနဲ့ ဌာနအထွေထွေ

အိမ်သူတွေ ညီစေသား ။

သတင်းနဲ့ အချက်အလက်ကို

ဆက်ဆက်ပို့ထား ။

 

နန်းမြေမှာ ပေါက်တဲ့ဖရဲက

စွဲမက်ဖွယ့် ချိုသကို ။

 

မိသားစုတွေ ရှင်သန်ရေး

မျှော်တွေးပါ့ဆို ။

 

သူပုန်တပ်က လျှို့ဝှက်လို

တော်လှန်မြေကို သတင်းပေး ။

 

ပြည်သူကို လူ့စိတ်ရင်းနဲ့

မင်းကူဖို့တွေး ။

 

မယ့်ချစ်လင် ကိုကိုနန်းက

ဝန်ထမ်းမို့ မလွတ်လပ်ပေါင် ။

 

အိမ်ပြန်ချိန် မာယာနှောပေါ့

သတင်းပြောအောင် ။

 

ပြည်ထောင်တပ်ရဲ့ ဝန်ထမ်းဆောင်

လူမွေးလူတောင် ပြောင်သေး ။

 

ကိုယ့်သမိုင်းကို ဖရဲခင်းမှာ

မင်းကိုယ်တိုင်ရေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက် ညနေ ၅ နာရီ ၂၇ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ဒီခေတ်ရှား   သို့/   မယဥ်ချောမေ   အစစအရာရာ အဆင်ပြေပါရဲ့လားဆိုပြီး အစချီမနေတော့ပါဘူး သေနတ်သံ၊ ဗုံးသံတွေရှိတဲ့အရပ်ကနေ မီးပျက်တဲ့အရပ်ကို လွမ်းရတာလည်း ခေတ်ကြီးက မှောင်လိုက်တာဗျာ။   ကျနော်ရောက်နေတဲ့ ဒေသမှာတော့ အရပ် ၈ မျက်နှာ ဘုရားတွေများလွန်းလို့ ညညဆို ဘယ်အရပ်ကို ခြေဆင်းအိပ်ရမယ်တောင်...