TNLA News

TNLA News

နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ မေလ ၁၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် ၊ ၉ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က အသေခံ ဒရုန်း ဖြင့် ၂ ကြိမ် ဗုံးသီး ၃ လုံးအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၁၅ ရက် နံနက် ၉ နာရီ ၄၈ မိနစ်ကလည်း သပိတ်ကျင်းမြို့နယ်၊ ၉ မိုင်ကျေးရွာနှင့် လယ်ကျစ်ကျေးရွာကြားရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ကလေးငယ် ၄ ဦး နှင့် သံဃာတော်တစ်ပါးအပါအဝင် ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

တအာင်းပြည်နယ်တွင် မေလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက် ခိုက်မှု စုစုပေါင်း ၁၅ ကြိမ်ရှိခဲ့ပြီး ပြည်သူ ၉ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်း ထပ်တိုးခဲ့ကြောင်း၊ စစ်ကောင်စီကလည်း‌ မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ အပစ်အခတ်ရပ်စဲရေးသက် တမ်းတိုးခဲ့ကြောင်း သိရသည်။

ထိုသို့ အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးခဲ့သော်လည်း စစ်ကောင်စီက ၎င်းတို့ထုတ်ပြန်ထားသည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကာ တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းတို့ နေ့စဉ် လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘောပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး တို့ ထွက်ပြေးလွတ်မြောက်လာပြီး PDF တပ်ဖွဲ့ထံ ခိုလှုံ

ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘောပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး တို့ ထွက်ပြေးလွတ်မြောက်လာပြီး PDF တပ်ဖွဲ့ထံ ခိုလှုံ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်တပ်သင်္ဘောများပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ် မှုထမ်းတပ်သား ၂ ဦး ခုန်ချထွက်ပြေးလာပြီး PDF တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံခဲ့ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း...