Poem

Poem

ကဗျာကဏ္ဍ “ရုန်းထချိန်”

 

ပျိုးကြဲလက်

 

စစ်တလင်းမှာဖြင့်

ချစ်ခြင်းကို စာစီလို့

ကဗျာသီကာ စာမဖွဲ့နိုင်ပေဘု

ထံတျာနွဲ့ တေးသံသာ ။

 

နေရီရီ ခင်နှမရယ်နဲ့

တေးကဗျာ ရေးကာစမ်းစဉ်က

ဆွေးစရာ ရှေးခါလွမ်းပါဘိတယ်

တမ်းတခါခါ ။

 

ခွဲရပေါ့ တူနှစ်ဖြာ

ပူစရာ မြူပင်မသန်းပါဘု

လူတကာ တူယှဉ်ကာတကယ်လန်းစေတော့

မှန်းမျှော်တဲ့ သည်တိုက်ပွဲ

နန်းတော်နဲ့ ပြည်ခိုက်ဆဲ ။

 

ရည်မျှော်ဟန် ဘဝဂ်နန်းဆီက

ပြည်တော်ပြန် အကွက်ဆန်းတွေနဲ့

မူလမ်းမှန် လူတကာအကုန်ရုန်းရင်ဖြင့်

လူကြမ်းရန် ပူစရာစမုန်တုံးပါဘိတယ်

 

ကွယ်

 

ရုန်းစို့ဆကဲ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ဒီခေတ်ရှား   သို့/   မယဥ်ချောမေ   အစစအရာရာ အဆင်ပြေပါရဲ့လားဆိုပြီး အစချီမနေတော့ပါဘူး သေနတ်သံ၊ ဗုံးသံတွေရှိတဲ့အရပ်ကနေ မီးပျက်တဲ့အရပ်ကို လွမ်းရတာလည်း ခေတ်ကြီးက မှောင်လိုက်တာဗျာ။   ကျနော်ရောက်နေတဲ့ ဒေသမှာတော့ အရပ် ၈ မျက်နှာ ဘုရားတွေများလွန်းလို့ ညညဆို ဘယ်အရပ်ကို ခြေဆင်းအိပ်ရမယ်တောင်...